#Unicode
ဓားပြကောင်က တောင်းဆိုသည်က သူ့မိန်းမလုပ်ပေးပါတဲ့လေ ...
ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလွန်းတဲ့စကားလဲ ။
ဒီလူက သူ့ဘဝကြီးကို ဖျက်ဆီးပစ်ရုံတင်မကဘဲ သူ့တစ်ဘဝလုံးကို ချုပ်ချယ်နေချင်တာဖြစ်သည် ။
မုန်းဖို့ကောင်းလွန်းပါ၏ ။"ခင်ဗျား ဘာမှမစားဘူးဆို"
Jungkook အခန်းတံခါးကိုဖွင့်၍ဝင်လာသည် ။
လက်ထဲမှာလဲ ထမင်းထုပ်လေးကိုင်လာ၏။
Jungkook ၏ အသံကြောင့် Taehyung အနောက်ကို အနည်းငယ် ကျုံ့လိုက်မိသည်။
ထိုဓားပြကောင်ကို သိပ်ပြီး ရွံမုန်းပါ၏ ။"အဲ့လိုမလုပ်ဘဲ စားပါ ။ ကျုပ် ထမင်းထုပ်ယူလာတယ်"
ဖက်ရွက်နှင့်ထုပ်ထားသည့် ထမင်းထုပ်လေးကို Jungkook က မြှောက်ပြသည် ။
Taehyung အကြည့်လွှဲလိုက်ပြီး"ထွက်သွား!"
"ခင်ဗျားထမင်းစားရင် ကျုပ်ထွက်သွားပေးမယ်"
"မင်းလို ဓားပြကောင်ကျွေးတဲ့ထမင်းကိုစားမယ့်အစား ငါအသေပဲခံလိုက်မယ်! သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရမယ့် ထမင်းလုတ်ကို ငါမသတီဘူး!"
Taehyung စိတ်မထိန်းနိုင်တော့တာကြောင့် အော်ဟစ်ပစ်လိုက်သည် ။
"ဘာပြောတယ် !.. ကျုပ်ကျွေးတဲ့ထမင်းမို့ မသတီဘူး ဟုတ်လား"
ဒေါသထွက်သွားပုံရတဲ့ Jungkook က လေသံမာလာသည် ။
မေးရိုးတွေပင်တင်းသွား၏ ။"ခင်ဗျား မသတီလဲ ကျုပ်ကျွေးရင် စားကိုစားရမယ်! သနားလို့ ညှာတာပေးထားတာကို ကမ်းတက်မလာနဲ့!"
"လုံးဝ မစားနိုင်ဘူး!"
"ကောင်းပြီလေ"
Jungkook က Taehyung ကို အိပ်ရာပေါ်တွန်းလှဲပစ်လိုက်ပြီး Taehyung ၏ လက်နှစ်ဖက်ကို ဖိချုပ်ထားသည် ။
Taehyung ရုန်းကန်ပေမယ့် အင်အားချင်းမမျှတာကြောင့် ရုန်းလို့မရပေ ။"ထမင်းမစားရင် ကျုပ်ကျွေးမယ့် တခြားဟာ ပြောင်းစားပေါ့!"
အဝတ်အစားတွေကို ဆွဲချွတ်နေတာကြောင့် Taehyung ကြောက်လန့်လာမိသည် ။
ပထမတစ်ခါတုန်းကလို အတင်းအကျပ်ရယူအုံးမှာလား ...
ရက်စက်ကြမ်းကြုတ်တဲ့ Jungkook ရဲ့ပုံစံကြောင့် Taehyung သွေးပျက်လာသည် ။
ထပ်ပြီး အနိုင်ကျင့် မခံနိုင်တော့ပေ ...
YOU ARE READING
WHY Not Me?(Completed)
Fanfiction"ခင်ဗျားလေးချစ်ရတဲ့သူက ဘာလို့ကျုပ်မဟုတ်ရတာလဲ Taehyung ..ဘာဖြစ်လို့ ကျုပ်မဖြစ်နိုင်ရတာလဲ" Start Date-4.5.2023 End Date-28.7.2023