Episode 6

13.1K 1.1K 172
                                        

#Unicode

"ဆရာဝန်လေး .. ဒီနေ့က ကျုပ်တို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညနော်"

ပါးပြင်ကိုအနမ်းခြွေပြီး လေသံသဲ့သဲ့လေးနှင့် ထိုစကားဆိုလာသည် ။
Taehyung ကြက်သီးမွေးညင်းတွေပင်ထသွားရ၏ ။
ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကိုကိုက်၍ခေါင်းကိုငုံ့ထားလိုက်မိသည် ။

"ကျုပ်ကိုခွင့်ပြုပါ ဆရာဝန်လေး"

Taehyung ဘာပြန်ပြောရမှန်းမသိပါ ။
ခွင့်မပြုဘူးဆိုရင်ရော သူ့ကို ဓားပြခေါင်းဆောင်က အလွတ်ပေးမှာတဲ့လား ။

"ဟင် .. ခွင့်ပြုမယ်မို့လား "

"ကျွန်တော်လေ..."

"ရှူး..."

Taehyung ငြင်းဆန်ဖို့ကြိုးစားပေမယ့် Jungkook က Taehyung ရဲ့ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ ဆက်မပြောဖို့တားသည် ။

"ကျုပ်ကို မငြင်းပါနဲ့လား ။ ခင်ဗျားကို အလေးထားလို့ခွင့်တောင်းတယ်ဆိုပေမယ့် ဒီလိုညမှာ မငြင်းပါနဲ့ "

ဒါကအမိန့်တစ်ခုပဲ မဟုတ်လား ..
Taehyung ဘာမှမတတ်နိုင်တာကြောင့် ခေါင်းငြိမ့်လိုက်ရသည် ။
စိတ်ထဲမှာလဲ သူ့ရဲ့ Jeonကို အကြိမ်ကြိမ်တောင်းပန်နေမိ၏ ။

"ဆရာဝန်လေး .. ခင်ဗျားရဲ့နာမည်ကို ကျုပ်ကိုပြောပါအုံး ။ ကျုပ်အခုထိ ခင်ဗျားရဲ့နာမည်လေးကိုတောင်မသိရသေးဘူး"

"Kim Taehyung "

"ခင်ဗျားက လူတင်လှတာမဟုတ်ဘဲ နာမည်လေးကလဲ သိပ်ကိုလှတာ"

Taehyung ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာကြောင့် နှုတ်ခမ်းကိုသာကိုက်ထားမိသည်။ ဒီအခြေအနေကြီးက သူ့အတွက် ခက်ခဲလွန်း၏ ။

"Jeon Taehyung .. ကျုပ်ကိုကြည့်ပါအုံး"

Jeon မျိုးရိုးကိုတပ်ခေါ်လိုက်သည်မို့ Taehyung ရင်ထဲ သိမ့်ခနဲပင် ။ တစ်ဆက်တည်းမှာပင် သူ့ရဲ့ Jeon ကို သတိရလာမိ၏ ။ အကယ်၍ Jeon နဲ့လက်ထပ်ဖြစ်ခဲ့တဲ့အခါ Jeon မျိုးရိုးကိုခံယူမည်ဟု သူစိတ်ကူးယဥ်ခဲ့ဖူး၏ ။
စီးကျလာတဲ့မျက်ရည်တွေကြောင့် Taehyung မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည် ။

"ခင်ဗျားငိုနေတာလား"

ဓားပြခေါင်းဆောင်က သူ့မျက်နှာကိုဆွဲမော့၍ ကြည့်လာသည် ။
Taehyung ဘာမှပြန်မပြောဘဲ မျက်လွှာချထားမိ၏ ။

WHY Not Me?(Completed)Where stories live. Discover now