P 1

273 38 0
                                    

"ဒီကလေးက"

"ဟို...ဒီကလေးက
ကျွန်တော့်ရဲ့တူလေးပါ"

"သား....သားနာမည်ကို
မိတ်ဆက်လိုက်အုံးလေ"

Hs: ကျွန်တော့်နာမည်က ဂျောင်...
ဂျောင်ဟိုဆော့ပါဦးဦး

ဦးဦးလို့ခေါ်လိုက်တာကြောင့်
Mr.kimခပ်ဟဟရယ်လိုက်မိသည်။
ကိုယ့်ကို ကြောက်နေလားမသိ။
သူ့ဦးလေးနောက်မှာ ခေါင်းလေးကွယ်ကာကွယ်ကာနဲ့

"အသက်ကရော"

Hs: ဆယ့်နှနှစ်ပါ ဦးဦး

မျက်လုံးလေးတွေကအစ သနားစဖွယ်
ဖျော့တော့နေတဲ့ ထိုကောင်လေးပုံစံက
မျက်နှာမြင်ချစ်ပါစေ အသံကြားသနားပါစေဆိုတဲ့ ပုံစံမျိုးလေး

"အဲ့ဒါဆို သားလေးနဲ့
ရွယ်တူပဲ‌ပေါ့"

"ထယ်ယောင်းလေးထက်
သုံးလလောက်ငယ်မယ်ထင်တယ်သူဌေး"

"ဟိုဆော့လေး လေးတန်းလောက်မှာ
သူ့‌အမေကဆုံးသွားတယ်လေ"

"ဒါဆိုသူ့‌အဖေကရော"

"သူ့အဖေ ကျွန်တော့်ညီကတော့
ဟိုဆော့လေး ငါးလသားအရွယ်မှာ
ရွာမှာနေရတာ အဆင်မပြေလို့ဆိုပြီး ကျောက်တူး ခေါ်တဲ့နောက် လိုက်သွား
ခဲ့တယ်"

"အဆက်သွယ်လည်း မလုပ်သလို
အခုချိန်ထိ ဘာသတင်းအစနမှ
မရပါဘူး။ သူနဲ့အတူ ကျောက်တူး
လိုက်သွားတဲ့ အသိတစ်ချို့ပြော
တာကတော့ အဲ့ဘက်မှာ ငှက်ဖျားမိပြီး
ဆုံးသွားတာ ဖြစ်နိုင်တယ်လို့
ပြောကြတယ်"

"ဆွေမျိုးအရင်းချာဆိုလို့
ဟိုဆော့လေးမှာကျွန်တော်ပဲရှိတာမို့
တူလေးကို ဒီမှာခေါ်ထားချင်လို့ပါ"

"ပညာအရည်အချင်းကလည်း
လေးတန်းထိပဲတက်ခဲ့ရတာမို့
တစ်ခြားအလုပ် လုပ်ဖို့က ဒီအသက်ရွယ်နဲ့ မရင့်ကျတ်သေးလို့ပါ။
တူလေးမှာ အားကိုးစရာဆိုလို့
ကျွန်တော်ပဲရှိလို့ပါ"

"ဟို....သူဌေးတို့
ကြိုက်တာခိုင်းလို့ရပါတယ်။
တူလေးက
သိပ်လိမ္မာတာ‌ကြောင့်စိတ်မပျက်
စေရပါဘူး။ တာ၀န်ယူပါတယ်"

"အကိုဂျောင်က ကျွန်တော်တို့မိသားစုအပေါ် တာ၀န်ကျေတဲ့သူပါ။
ဒီကလေးကလည်းအကိုဂျောင်ရဲ့
တူလေးပဲ ကျွန်တော်တို့ လက်မခံနိုင်စရာမရှိပါဘူး"

မေတ္တာ...စူး (U+Z)Where stories live. Discover now