P 15

277 52 5
                                    

Ty; ဟိုဘီ

Hs; ဗျာအကိုလေး

Ty; နောက်လဆိုရင်.....
ငါ‌စေ့စပ်တော့မယ်

မညီမညာသစ်ရွက်တွေကို ကပ်ကြေးဖြင့်ညှပ်နေတဲ့ ဟိုဆော့လက်တွေခနတာရပ်တန့်သွားသည်။ တစ်ချိန်ချိန်မှာ ဒီလို
စကားကြားရမယ်ဆိုတာ ကြိုတွေးပြီးသားပါ။ ဟိုဆော့ ထယ်ယောင်းကို ဖျော့တော့သောမူပိုင်အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။ အဆင်ပြေပါတယ်ပေါ့

Ty; မင်းက အရင်လိုအခြေမဲ့အနေမဲ့
မဟုတ်တော့ဘူးနော်....

လေးတိလေးကန်နဲ့ အကိုလေးရဲ့အသံတွေကတစ်ခုခုကို စိတ်ညစ်နေသလို။
အခုကျွန်တော်ချမ်းသာလာပြီ အဆင့်ချင်းလဲတူသွားပြီ အဲ့ဒိအတွက် အကိုလေးကိုတစ်၀ကြီးချစ်လို့ရရဲ့လား
ဆိုတော့လည်း အကိုလေးမှာက
ဆိုင်သူလေးရှိနေပြီသားလေ

Ty; ငါတို့စီမှာ အပင်ပန်းခံပြီး
နေနေမဲ့အစား မင်းအဖေပေးခဲ့တဲ့
အမွေတွေနဲ့ ပျော်ပျော်ကြီးနေသင့်တာ

Hs; အကိုလေးမရှိဘဲနဲ့တော့....
ကျွန်တော်ပျော်နိုင်မယ်မထင်ပါဘူး

Ty; မင်းငါ့အပေါ်ဘာလို့
သံယောစဉ်ကြီးရတာလဲ။
ငါမင်းအပေါ်မကောင်းမှန်း
သိသိကြီးနဲ့လေ

ဒါကိုလည်းအကိုလေးသိတာပဲလား
သိပ်ချစ်လို့ပါလို့ ပြောလိုက်ချင်ပေမဲ့ စကားလုံးတွေက လယ်ချောင်း၀မှာတင် ပျက်ကြကျန်ခဲ့သည်

Hs; ဦးဦးမသေခင်ကကျွန်တော့်ကို
အကိုလေးကို စောင့်ရှောက်ဖို့
မှာသွားတယ်

Ty; ဟက်
မင်းသိပ်ရယ်ရတာဘဲ
စကားနားထောင်တဲ့မင်းကို ဖေဖေကတမလွန်ကနေ ကျေးဇူးတင်နေအုံးမယ်

Ty; ငါအိမ်ထောင်ကျသွားရင်ရော
ငါ့အနားမှာရှိနိုင်ပါအုံးမလား

Hs; .........

Ty; နောက်လကြရင် သူမနဲ့ငါ
စေ့စပ်တော့မယ်။ အဲ့ခါကြရင်
ငါ့အနားကနေ အပြီးအပိုင်.....
ထွက်သွားပေးနိုင်မလား

ကျွန်တော်ပြောလိုက်တော့
သူ့ရဲ့မူပိုင် သနားစရာမျက်၀န်းတွေက
အရည်ကြည်တစ်ချို့ ရစ်သိုင်းလာသည်။

မတက်နိုင်ဘူး ဟိုဘီက အရင်လို
သူများအိမ်မှာ အခိုင်းစေဘ၀နဲ့ နေရမဲ့
ဇာတာကကုန်သွားပြီလေ။ ကျွန်တော်
အတ္တကြီးနေလို့မှမရဘဲ သူလည်း
သူ့ဘ၀လေးနဲ့သူ ပျော်သင့်တယ်မလား

မေတ္တာ...စူး (U+Z)Where stories live. Discover now