P 40

178 32 40
                                    

"ဒါကဘယ်ကပြန်လာတာလဲ"

ဦးလေးအသံက ဒေါသတွေပါနေသည်
အရင်ကကိုယ်ဘယ်သွားသွား မေးမြန်း
ချင်းမရှိတဲ့ဦးလေးက အခုဘာဖြစ်လို့
ပါလိမ့်။ တစ်ခုခုဖြစ်လို့များလား.....

"ထယ်ယောင်းနဲ့တွေ့ပြီး
ပြန်လာတာမလား"

"ဒီနေ့ကစပြီး သူနဲ့
အဆက်သွယ်ဖြတ်!!"

Hs; ဗျာ...!!!😦
ဘာ....ဘာဖြစ်လို့လည်းဦးလေး
ဘာလို့သားနဲ့ထယ်နဲ့က-

"နေ့လည်က ထယ်ယောင်းအမေ
ငါ့စီလာသွားတယ်!
ဘာပြောသွားတယ်ထင်လဲ!!"

"သူ့သားကို ရှင့်ရဲ့တူ
စာမတတ်ပေမတတ်
ကနွဲ့ကလျကောင်နဲ့လုံး၀
သဘောမတူနိုင်ပါဘူးတဲ့!!"

"မင်းကိုတင်ပြောတာမဟုတ်ဘူး
ငါတို့တစ်မျိုးလုံးတစ်ဆွေလုံးကို
ရစရာမရှိအောင်ကိုပြောသွားတာ"

"ငါ့ကိုပြောတာခံနိုင်ပမေဲ့
ငါ့ညီ ငါ့ရဲ့ခယ်မ
မင်းရဲ့အ‌ဖေနဲ့အမေကို ပြောသွားတာ
အသဲထိအောင်နာတယ်!!"

"မိဘ‌တွက်
ဒီလိုကောင်းကျိုးမပေးတဲ့
သားမျိုးမွေးခဲ့ပြီး အသေဖျောင့်
လိုက်ကြတာတဲ့"

"ငါ့ဆိုင်ကိုလာပြီးပြောသွားတာ
မင်းစဉ်းစားကြည့်စမ်း.....!! ရတနာ
ဆိုင်မှာက ၀ယ်သူတွေအပြည့်ပဲ
ငါ့မျက်နှာဘယ်နား သွားထားရ
မှန်းတောင်မသိဘူး"

Hs; သား...သား
တောင်းပန်ပါတယ်ဦးလေး🥺
သားကြောင့်-

"အဲ့ဒါမင်းပျော့ညံ့လို့ဖြစ်ရတာ
အခုလိုင်းပေါ်မှာ ပလူပျံနေပြီသိလား"

"တောက်!!!
ငါပြောပြီးပြီနော်
အဲ့ကောင်ကို မေ့ပြစ်နိုင်အောင်
ကြိုးစား"

Hs; သား.....သားမလုပ်နိုင်ဘူးဦးလေး...

"ဘာ....
ဘာပြောလိုက်တယ်!!!"

"မင်းကိုအလိုမရှိတဲ့အသိုင်းဝိုင်း
ထဲကိုမျက်စိမှိတ်ပြီး၀င်အုံးမလို့လား!! မင်းထင်သ‌လို လွယ်တယ်များ ထင်နေလား ဟမ်! ဂျောင်ဟိုဆော့!!!!"

ဦးလေးဖြစ်သူကတော်ရုံဆန်ရုံ
စိတ်ဆိုးခဲသည်။ ကြည့်ရတာ
ဒေါ်ဒေါ်က ဦးလေးကို တော်တော်လေး
ပြောခဲ့တယ်ထင်တယ်

မေတ္တာ...စူး (U+Z)Where stories live. Discover now