P 28

355 57 5
                                    

"ခေါင်းကအရမ်းကြီးမဆိုးရိမ်ရပါဘူး
လူနာက အဖျားကြီးပြီးသတိလစ်သွားတာပါ"

"အဖျားပြတ်ဆေးထိုးပေးထားတယ်
တစ်ရက်လောက်တော့ ဆေးရုံမှာ
နေစေချင်တယ်"

Hs; ဟုတ်ကဲ့

"လူနာသတိရလာရင်
စွတ်ပြုတ်လေးဖြစ်ဖြစ်
အဟာရရှိမဲ့အစားအစာလေးတွေ
ကြွေးပေးပါ"

"ကျွန်တော့်ကိုခွင့်ပြုပါအုံး"

Hs; ဟုတ်ကဲ့ပါဒေါက်တာ

ဟိုဆော့လည်း ဆရာ၀န်ထွက်သွား
ပြီးတာနဲ့ ထယ်ယောင်းကုတင်နားသွားပြီး ဒဏ်ရာရနေတဲ့ လက်ကို ဆေးထည့်ပေးလိုက်သည်။

သေသေချာချာပတ်တီးစည်းပေးပြီး
ထိုလက်လေးကိုပဲ ခပ်ဖွဖွစုပ်ကိုင်ကာ
သူ့ပါးနားအပ်ထားရင်း စကားတွေဆိုနေမိသည်။

ယုံချင်တယ်
အကိုလေးပါးစပ်က ထွက်ကျလာသမျှ
စကားတိုင်းကို ယုံပြစ်လိုက်ချင်တယ်

ဒါပေမဲ့.....ဒါပေမဲ့ကျွန်တော်
ထပ်ပြီးခံစားရမှာလည်းကြောက်တယ်
အကိုလေးရယ်.......

ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းဖြင့်
မေ့မျောနေသူကို ခွင့်လွတ်သင့်ရဲ့လားဆိုတာဝေခွဲမရဖြစ်သည်အထိ

အကိုလေးနဲ့ပတ်သတ်ပြီး
ဦးနှောက်နဲ့ နှလုံးသားကို
လွန်ဆွဲခိုင်းရင်
သေချာတယ်.....
နှလုံးသားကပဲအပြတ်သတ်နိုင်မှာ
သို့ပေမဲ့ထပ်ပြီးလှည့်စားခံရရင်
ရူးသွားရုံပဲရှိတော့မည်။

မမုန်းနိုင်အောင်အထိ
သိပ်ချစ်တာပါ။ အနဲငယ် စိတ်နာ
ရုံကလွဲရင် အခုထိအမှတ်မရှိသေးဘူး

ကုတင်ပေါ်မျက်နှာအပ်ရင်း
တိတ်တခိုးငိုမိသည်။ ဘယ်လိုဘဲ
အဖြေရှာရှာ အကိုလေးဆိုသူကို
သိပ်ချစ်တာပဲသိသည်

ခနကြာတော့ ဟိုဆော့ခေါင်းပေါ်သို့
ကျရောက်လာတဲ့လက်တစ်ဖက်။
ဆံသားတစ်ချို့ကို ခပ်ဖွဖွလေးကိုင်
လိုက်တော့ သတိထားမိဟန်တူသည်
ခေါင်းလေးထောင်ကာ မော့ကြည့်လာသည်။

Hs; သ...သတိရလာပြီလား

ထယ်ယောင်းခေါင်းငြိမ့်ပြတော့
မျက်ရည်တွေကမန်းကတမ်းသုတ်ကာ

မေတ္တာ...စူး (U+Z)Where stories live. Discover now