P 13

234 49 7
                                    

👉ဒီအပိုင်းကို သေချာလေး
ဖတ်ပေးပါနော်👈

"ဟယ်လိုသူဌေး📞
လီဆွန်းဟန်ဆိုတဲ့ မိန်းကလေးက
သူဌေးနဲ့တွေ့ခွင့်တောင်းနေပါတယ်"

"သူဌေးက သူ့နာမည်ကိုကြားရင်
သိတယ်လို့ပြောလို့ ဘယ်လိုမှပြောလို့
မရတာနဲ့ ဖုန်းဆက်လိုက်တာပါ"

Ty; ဟုတ်လား

"နောက်ပြီး သူဌေးနဲ့မတွေ့ရရင်
မပြန်ဖူးတဲ့။ ကျွန်မတို့ဘယ်လို
လုပ်ပေးရမလဲသူဌေး လုံခြုံရေးကို
ခေါ်ပြီးဆွဲထုတ်-"

Ty; အဲ့လောက်ထိ မလိုဘူး
ရတယ် ငါ့ဆီသာလွှတ်လိုက်

"ဟုတ်ကဲ့"

"ဒီကအမ ကျွန်မတို့နဲ့လိုက်ခဲ့ပါနော်
သူဌေးစီခေါ်သွားပေးပါမယ်"

ဟက်! တွေ့ကြပြီပေါ့
ကုမ္ပဏီအထိတောင်လိုက်လာတယ်
ဆိုတော့ ဆွန်းဟန်သိသွားပြီ‌ပေါ့။
ဟက် တော်တော်လေးလည်း
ဒေါသထွက်နေမှာ ဟဟား

တံခါးမခေါက်ဘဲ ကိုယ့်ရုံးခန်းထဲကို
ပိုင်ဆိုးပိုင်နင်း၀င်ရဲတာဆိုလို့ သူမ
တစ်ယောက်ထဲပဲရှိမည်ထင်

"ကင်ထယ်ယောင်း
ရှင်ယုတ်မာလှချည်လား"

Ty; ဘာကိုလည်းဆွန်းဟန်

"အခုမှမသိချင်ယောင်ဆောင်မနေနဲ့
ကျွန်မချစ်သူကို အနာတရဖြစ်အောင်
လုပ်တာရှင်မလား"

Ty; အဲ့ကိစ္စနဲ့ ကိုယ့်စီ
တကူးတကလာတယ်ပေါ့

"ရှင်အကြံဒါအကုန်ဘဲလား ဟမ်
ရှင့်မိဘတွေက သူများသားသမီးကို
အခုလိုဘဲယုတ်မာဖို့ သင်ပြထားတာလား"

Ty; ဆွန်းဟန်.....!!မင်းအခုရောက်နေတာကိုယ့်ရုံးခန်းနော်။ အေးဆေးပြောရင်
ကောင်းလိမ့်မယ်

ဘယ်သူမဆို မိဘထိရင်
နာကြတာကြည့်ပဲလေ။ သူမဘက်ကမှားလားဆိုတော့လည်း မမှားပါ။
အခု သူမ‌ချစ်သူက ဆေးရုံရောက်
နေတာမလား

"ဪ....ဟန့်
ရှင်ကလုပ်ချင်တာလုပ်ပြီး
အေးဆေးနေနိုင်တာပေါ့"

"နောက်ပြီး ကျွန်မမိဘတွေကို ငွေနဲ့
သိမ်းသွင်းနေတာ အခုချက်ချင်း
ရက်တန်းကရက်ပါ ကင်ထယ်ယောင်း"

မေတ္တာ...စူး (U+Z)Where stories live. Discover now