Hs; ကျွန်တော်လည်း မဖြစ်သာလို့သာ
ရောင်းရတာပါ
ဒီဆိုင်လေးက အကျိုးသိပ်ပေးတာရယ်"အမက အံ့ဩနေတာ
ငါ့မောင်က ရုတ်တရက်ကြီး ရောင်းမယ်
ဆိုတော့လေ။
ဖွင့်တာ နှနှစ်ကျော်ပြီမလား"Hs; ဟုတ်တယ်
ဒီလိုပါပဲ ပျော်ရာမှာမနေ
တော်ရာမှာနေတဲ့လေ"ဒါဆိုတိုက်ခန်းကိုပါရောင်းမှာပေါ့"
Hs; တိုက်ခန်းကိုတော့မရောင်းဘူး
ဒီတိုင်းထားခဲ့မှာ။ တစ်ခါတစ်လေ
အလည်လာရင် တည်းဖို့ပေါ့"အခုက ရောင်းပြီးဘယ်သွား
နေမှာလဲ။ ဦးလေးစီပဲလား"Hs; မစဉ်းစားရသေးဘူး
ဦးလေးစီလည်း သွားဖြစ်ဖို့
များပါတယ်"အေးပါ
ဒါဆိုလည်း ၀ယ်သူဖုန်းဆက်ရင်
အမဖုန်းဆက်မယ်လေနော်"Hs; ဟုတ်ကဲ့အမ
ကျေးဇူးတင်ပါတယ်"တို့တွေက သိလာတာကြာပြီလေ
မလိုပါဘူး။ ဒါဆိုအမသွားပြီနော်"Hs; ဟုတ်ကဲ့
ကောင်းကောင်းသွားပါပွဲစားအမကြီးထွက်သွားတာနဲ့
ဟိုဆော့ ဆိုဖာထိုင်ခုံပေါ်ခြေပြစ်
လက်ပြစ်ထိုင်ချကာ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်ကင်ထယ်ယောင်းရန်ကရှောင်ဖို့
သူထွက်သွားမှရမည်မလား။ တစ်နေ့
တစ်မျိုး မရိုးရတဲ့ အကြောင်းပြချက်
တွေနဲ့ ရောက်လာတတ်တဲ့သူကို စကား
လုံးပေါင်းစုံနဲ့ ထိုးနှက်ပြသော်လည်း
အလံဖြူမပြောနဲ့ လောက်ပင်မမြှောက်ပြတဲ့သူက ဇွဲကောင်းတာပဲလား"အကို
ဒီဟာလေးယူပေးလို့ရမလား"အတွေးလွန်နေတာနဲ့ပဲ
ဈေး၀ယ်လာတာကိုပင်သတိမထားနိုင်။
တကယ့်ကို အလုပ်ရှုတ်တဲ့အကိုလေးHs; ဪ...လာပြီနော်ညီမ
Hs; ဘယ်ဟာလေးလဲ
"ဟိုဖန်ပုလင်းလေး"
စင်မြင့်ပေါ်မှာတင်ထားတာကြောင့်
ခုံခုပြီးယူပြရသည်"အရောင်ဖျော့နေသလိုပဲ
ဒီဘက်က ဟာလေးပြကြည့်ပါလား"Hs; ရတာပေါ့
ဒီဘက်ကအပြာရောင်လေးနော်"ဟုတ်ကဲ့"
YOU ARE READING
မေတ္တာ...စူး (U+Z)