ဘာလိုလိုနဲ့ ဆောင်းရာသီတောင်
တစ်ဖန်ပြန်ရောက်လာပြီ။ ပထမနှင်းကျတာကို ကျွန်တော်နဲ့အတူတူကြည့်ချင်ပါတယ်ဆိုပြီး အမြဲတမ်းပူဆာခဲ့တဲ့သူ။ မအားပါဘူးဆိုပြီး အကြောင်းပြချက်အမျိုးမျိုးပြကာ ရှောင်ဖယ်တတ်တဲ့ကျွန်တော်။အခုနှင်းတွေကျနေပြီ
ဒါပေမဲ့ သူကတော့ကျွန်တော့်
အနားမှာမရှိတော့ဘူးတိုက်ဆိုင်မှုတွေရှိတိုင်း
သတိရလားလို့မေးရင်.....
ကျွန်တော်သူ့ကိုတကယ်သတိရတယ်။လွမ်းလားလို့မေးရင်....
ဟင့်အင်း မလွမ်းဘူး။ သတိရ
ယုံလေးပါဘဲ။ လိုလေသေးမရှိ
ဂရုစိုက်ပေးတဲ့သူ့ကို သတိရ
ယုံလေးပါဘဲ။ရေချိုးခန်းထဲကနေ စိတ်ပျက်
လက်ပျက်ထွက်လာတဲ့ထယ်ယောင်း။
ဒီနေ့ထိနေသားမကျသေးတဲ့ ကျွန်တော်က တစ်ယောက်သောသူရဲ့ ဂရုစိုက်မှုကို
ရူးကြောင်ကြောင်နိုင်စွာတမ်းတာနေဆဲHs; အကိုလေး....
ခေါင်းကိုရေစိုတိုင်းကြီး
မနေနဲ့လေ။ ခေါင်းကိုက်မှာပေါ့Hs; လာကျွန်တော်လုပ်ပေးမယ်
ဆိုပြီးကျွန်တော့်နားလျှောက်လာတဲ့
သူဟာ ဆံပင်ချောက်စက်ကိုကိုင်
ထားလျှက်Ty; အဲ့ဟာကြီးကနားငြီးတယ်
မလုပ်ချင်ဘူး။ ထားပါ မကြာခင်
ချောက်သွားလိမ့်မယ်Hs; ဒါဆိုလည်း
တပတ်နဲ့သုတ်ပေးမယ်လေ နော်
နမို့ဆို အကိုလေးနှာဆေးပြီး
ဖျားလိမ့်မယ်Ty; ပြောမရလည်း
သဘောဘဲအဲ့လိုအသေးမွှားကအစ လိုက်လုပ်
ပေးတဲ့သူကို အခုလို ခေါင်းလျှော်ပြီးချိန်တိုင်း အမှတ်မထင် တမ်းတမိပြန်သည်။ ထားမသွားနိုင်ပါဘူးဆိုပြီးဆိုးချင်တိုင်းဆိုးပြခဲ့တာ။
နောက်ဆုံးတော့ နေသားမကြမှုတွေကြားထဲ ပိတ်လှောင်ခံရပြီဟိုဘီ
မင်းဘယ်မှာလည်း
ဒီအချိန်လောက်ဆို မင်းစိတ်ဆိုး
ပြေသင့်ပြီမဟုတ်လားတကယ်တော့ ဆွန်းဟန်နဲ့ကျွန်တော်
လက်မထပ်ရသေးပါဘူး။
ဆွန်းဟန်အမေရဲ့ နှလုံးရောဂါအခြေနေ
ကြောင့် ကျွန်တော်တို့မင်္ဂလာပွဲကို ကန့်
သတ်မရှိရပ်ဆိုင်းထားရသည်။
သူ့မအမေကြောင့်ကျွန်တော်နဲ့
မင်္ဂလာကိစ္စကိုခေါင်းငြိမ့်ခဲ့တာ။
ဆေးရုံမှာ အခြေမဟန်တဲ့ သူမအမေကို
အနီးကပ်ပြုစုနေရသည်လေ။ တစ်ခါတစ်လေ သတင်းသွားမေးရုံကလွဲပြီး
သူမစီကျွန်တော်မရောက်ဖြစ်ပါ
YOU ARE READING
မေတ္တာ...စူး (U+Z)