"Kimကျွန်မကိုတွေ့ချင်တယ်ဆိုတာက"
Ty; မင်္ဂလာဆောင်က ဘာလို့
ချက်ချင်းကြီးဖြစ်သွား
ရတာလဲTy; ပြောတော့စေ့စပ်ပွဲကို မင်းဘက်က
စဖြတ်ပေးပါမယ်ဆို။ အခုကဘာလဲTy; ငါ့ကိုပြောတော့တစ်မျိုး
မေမေ့ကိုကြတော့တစ်မျိုးနဲ့"စေ့စပ်ပွဲကို ဖြတ်ဖို့ေပြာခဲ့ပါတယ်
Kimရဲ့မေမေကမှလက်မခံတာ"တကယ်တော့ သူမသွားပြောတယ်
ဆိုတာ ထယ်ယောင်းအမေရှေ့မှာ
မျက်ရည်ခံထိုးခဲ့တာပါ။ မသိရင်
ထယ်ယောင်းအလိုတိုင်း သူ့ဆန္ဒ
မပါဘဲစေ့စပ်ပွဲကို ဖြတ်ရတယ်ပေါ့
ထယ်ယောင်းကို ချစ်လွန်းလို့
သူမကပဲ အနစ်နာခံလိုက်သည်ပေါ့Ty; လက်မခံတာနဲ့ဘဲ
လက်ထပ်ပွဲက ချက်ချင်းကြီး
ဖြစ်စရာလိုလို့လား"မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်ပါမယ်လို့
ကင်မ်ရဲ့မေမေက ဆွန်းဟန်ဖေဖေကို
လာပြောသွားတာ"Ty; အနဲဆုံးတော့ မင်းငြင်းသင့်တယ်
ထယ်ယောင်းရဲ့ အားမလို
အားမရပြောဆိုမှုတွေကြား
သူမဟာ ကျေနပ်စွာပြုံးသည်။
သူမရဲ့ လက်တုန့်ပြန်မှုက
အစွမ်းပြလေသလားမသိ.....
ထယ်ယောင်းမှာတော့ သိသိသာသာ မျက်နှာပျက်နေရပြီ"ပြောရရင်....
Kimနဲ့လက်ထပ်ပြီး မိသားစု
ဘ၀လေးဖန်တီးဖို့ဆိုတာ ဆုံးသွားတဲ့
ဆွန်းဟန်မေမေရဲ့ မျှော်လင့်ချက်ပဲ"Ty; လောကမှမရှိတော့တဲ့
အမေဖြစ်သူရဲ့
ဆန္ဒကို လိုက်လျောေပးရမယ်ပေါ့။
ဟက်...!!!ရယ်စရာဘဲTy; ကိုယ်မချစ်မနှစ်သက်တဲ့လူနဲ့
တစ်သတ်လုံးပေါင်းဖက်ဖို့အတွက်
မင်းမှာဆန္ဒရှိလို့လာ:Ty; ငါနဲ့လက်ထပ်လိုက်လို့
မင်းပျော်ရမယ်ထင်လား"ပျော်ရသည်ဖြစ်စေ....
မပျော်ရသည်ဖြစ်စေ...
ဆွန်းဟန် မေမေမဆုံးခင်
Kimနဲ့လက်ထပ်ပါမယ်လို့ ကတိ
ပေးခဲ့ပြီးပြီ"သူမရဲ့စကားဟာ နောက်ဆုတ်မဲ့ပုံမရှိ
လုံး၀ကိုလမ်းဆုံးရောက်နေပြီ။ ဆရာ
၀န်ပီသစွာ ပညာတတ်ပီပီ စကားကို
လှပစွာပြောသွားပုံက သူ့အမေကြောင့်
ကိုယ့်ကိုလက်ထပ်မယ်ပေါ့။ သူမချစ်
တဲ့သူကို တမလွန်ကသိမှာမဟုတ်တဲ့
အမေဖြစ်သူကြောင့်လက်ထပ်မယ်ပေါ့
YOU ARE READING
မေတ္တာ...စူး (U+Z)