P 38

231 35 14
                                    

လူရှင်းတဲ့ ဒေါင့်ကျကျစားပွဲဝိုင်းတွင်
အကြည့်ချင်းပြိုင်နေသောသူတို့။
တစ်ယောက်ကလည်း သားအတွက်
ဆိုတဲ့အတွေးနဲ့ တစ်ယောက်ကလည်း
အချစ်တွက်ဆိုတဲ့အတွေးနဲ့ အကြည့်ချင်းစစ်ခင်းနေတာ မှာထားတဲ့
ကော်ဖီနှစ်ခွက်ဟာလည်း အထီးကျန်စွာအေးစက်လို့....

"ဟက်...!!!
ကြွေးတဲ့လက်ကို ပြန်ကိုက်တတ်မှန်း
သိရင် နင့်ကိုအစထဲက မသနားခဲ့ဘူး
ကျေးဇူးမသိတတ်တဲ့အကောင်"

Hs; ကျေးဇူး......
လာပြန်ပြီ ဒီကျေးဇူးစကားတွေ

ခြေထောက်ကို တမင်ချိတ်ကာ
ထိုင်နေရင်း ထိုစကားကြားရတော့
လက်ပိုက်ကာ ထိုင်ခုံနောက်ကို
မှီလိုက်သူက တကယ့်ကို အရင်တုန်းက
လူကြီးသူမကိုရိုသေတတ်တဲ့ဟိုဆော့နဲ့
လုံး၀မှမတူ

Hs; ‌အဲ့ဒိကျေးဇူးကြွေးတွေက
ကျွန်တော့်အပေါ်
ဒေါ်ဒေါ်တို့တင်နေတာမဟုတ်ဖူးလား
ကျွန်တော်သာမကယ်ရင် ဒေါ်ဒေါ်တို့
အခုချိန်လမ်းဘေးရောက်နေပြီ

Hs; ကျွန်တော့်ကိုချိန်းတာ
ဒါတွေပြောဖို့အတွက်ဆိုရင်
တောင်းပန်ပါတယ် ကျွန်တော့်မှာ
အချိန်တွေအားယားမနေဘူး

"မင်းက မသိချင်ယာင်
ဆောင်မှတော့ ငါကလည်း
အားနာမနေတော့ဘူးပေါ့"

"မင်းငါ့သားကို အဆက်သွယ်
ဖြတ်ပေးပါ

Hs; ကျွန်တော်ကလည်း အားမနာတမ်း
ပြောရရင် ထယ့်ကို
လုံး..၀..လက်မလွတ်ပေးနိုင်ဘူး

"မင်း....!!!"

ဟိုဆော့ရဲ့ပုံစံက အရင်ကနဲ့မတူ
လုံး၀ကိုလက်လျော့မဲ့ပုံမဟုတ်တာကြောင့် သူမစကားကို တက်နိုင်သလောက်ထိမ်းပြောနေရသည်။
ဖြစ်နိုင်ရင် နှစ်ပြားမတန်အောင်
ပိုးစိုးပက်စက် နောင်ကြင်အောင်
ပြောလိုက်ချင်တာ။ သို့ပေမဲ့ အဲ့လို
ပြောလိုက်လို့ သားလေးကိုခုတုံးလုပ်ပြီး
အမေနဲ့သားကြားသွေးကွဲမှာစိုးတာ
ကြောင့် ဒေါသတွေကို မြိုသိပ်ထား
ရသည်

"မင်းခံစားရမှာစိုးလို့ အခုထဲက
နောက်ဆုတ်ဖို့ပြောပြနေတာ
မင်းလည်းသိတာဘဲ
သားကငါ့စကားတစ်ခွန်းဘဲဆိုတာ
သားက ငါ့ကိုသိပ်ချစ်တာနော်"

မေတ္တာ...စူး (U+Z)Where stories live. Discover now