P 52

198 36 3
                                    

"မမလေး
ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"

မြက်ခင်းစိမ်းစိမ်းပေါ်မှာ
လမ်းလျှောက်နေရင်း smileသံကြားတော့ သူမဟာ တစ်ချက်လှည့်ကြည့်ပြီး ရှေ့သို့ပြန်လှည့်
သွားသည်။ ကြည့်ရသလောက် သူမဟာမျက်နှာ
ကောင်းမနေပါ

"ဒီနေ့ရာသီဥတုက နေလို့
ကောင်းသားပဲနော်"

သူမဟာ ပန်းပင်တွေကို
ရှောက်ကြည့်‌ေနရင်း စကားစလာတော့
smileဟာလည်း သူမနောက် လက်လှေးယှက်ကာ ထပ်ကြတ်မခွာလိုက်ရသည်

"Smile......"

"ဟုတ်ကဲ့မမလေး"

"အခုနေ ဆွန်းဟန်ရင်ဖွင့်စရာရှိတယ်
ဆိုရင် နားထောင်ပေးမလား"

"ဟုတ်
မမလေးရင်ထဲပေါ့သွားအောင်
စိတ်ထဲရှိသမျှရင်ဖွင့်လို့ရပါတယ်"

တုံ့ဆိုင်းမှုမရှိဘဲဖြေလာသောsmileကြောင့်
သူမအသံထွက်တယ်ဆိုရုံမျှရယ်မိသည်

"ဆွန်းဟန် စိတ်ထဲတင်းမထားနိုင်
တော့လို့ပါ"

မူပိုင်အပြုံးတွေနဲ့ပြောနေပေမဲ့
ဒီနေ့ကြမှသူမက တကယ်ကိုထူးဆန်းနေသလို။
အရင်ကဆို မမဆိုပြီး‌ပြောတဲ့သူက
သူ့ကိုသူ ဆွန်းဟန်ဆိုပြီးပြောကာ
ပိုပြီးယဉ်ကျေးနေသယောင်

"တကယ်တော့လေ.....
ကင်မ်က ဆွန်းဟန်ကိုမချစ်ဘူးသိလား "

"သုံးနှစ်ရှိပြီ..........
ကင်မ့်စီက ဥပေက္ခာပြုမှုတွေ
လျစ်လျူရှုမှုတွေ အရေးမစိုက်မှုတွေ
ခံရတာ သုံးနှစ်ရှိပြီ........."

Smileကိုကြောပေးကာ
နှင်းဆီပွင့်တွေကို ငေးမြဲတိုင်း‌ေငးရင်း
လေသံအေးအေးနှင့်ပြောနေသည်။

"စိတ်မကောင်းမဖြစ်ပါနဲ့
မမလေးစေတနာတွေကို အကိုလေး
နားလည်မှာပါ"

သူမကပြုံးသည်
ပြုံးတယ်ဆိုရုံလေးပါပဲ
အခုဘာဖြစ်နေလဲဆိုတာ မသိပေမဲ့
သူမအပြုံးတွေကို အားမရဘူး

"ဆွန်းဟန်ကင်မ့်ကို
လက်လွတ်လိုက်ရင်ကောင်းမလား...."

smileထိတ်လန့်သွားသည်
သူမလို ပညာတတ် စိတ်သဘောထား
ပြည့်၀ပြီး ထယ့်ပေါ်မှာလည်း တာ၀န်
ကျေတဲ့သူက လက်လွတ်မယ်ဆိုတော့
ထယ်က သူမအပေါ် ဘယ်လောက်တောင်များဆိုးခဲ့လဲဆိုတာ တွေးကြည့်
စရာပင်မလို

မေတ္တာ...စူး (U+Z)Where stories live. Discover now