P 22

312 52 3
                                    

သူ့စီကပြန်လာပြီးကတည်းက
စိတ်နဲ့ကိုယ်နဲ့မကပ်တာအမှန်။
မယုံကြည်နိုင်လောက်အောင်
ပြောင်းလဲသွားသူကို အပြစ်မဆို
ရက်ပါဘူး။ ကိုယ့်လုပ်ရက်က
ခွင့်လွတ်စရာအကြောင်းမှမရှိတာ

အမြဲတမ်း အကိုလေးမှအကိုလေး
ဖြစ်နေတဲ့သူက ကိုယ့်ကိုအထိမခံ
အတွေ့မခံနိုင်လောက်တဲ့အထိ
ဖြစ်သွားကထဲကိုက ကိုယ်ဟာ
သူ့အပေါ်မှာ တော်တော်လေးရက်စက်ခဲ့‌ကြောင်း မီးမှောင်ထိုးပြနေသလို

ကိုယ့်ဘက်ကမှားနေရင်တောင်
အမြဲတမ်းသူ့ဘက်ကပဲစပြီး
တောင်းပန်တတ်တဲ့သူ......
ကိုယ်မှာ ဒဏ်ရာတစ်ချက်တွေ့
ရင်တောင်ပြာယာခတ်နေတဲ့သူ.....
သူကအခုတော့ ကိုယ့်ကို ထိုးဖို့တောင်
လက်ရွယ်တတ်နေပြီ

အလိုမကျတာလား
စိတ်မကောင်းတာလားဆိုတာမသိ
ရင်ဘတ်ထဲနေလို့မကောင်းတာတော့
လိမ်လို့မရ။ တစ်ကယ်ပါ သူ့ပုံစံ
သူ့မျက်၀န်း သူ့အထိတွေ့တွေက
ကျွန်တော့်လုပ်ရက်တွေကြောင့်
အားလုံးပြောင်းလဲကုန်ပြီ

ကျွန်တော်ဟိုဘီနဲ့တွေ့တော့လည်း
ကိုယ့်လိပ်ပြာကိုယ်မလုံလို့ သူ့ကို
တောင်းပန်ချင်တာလား ဒီတိုင်း ...
ဒီတိုင်း....အနားမှာပြန်ခေါ်ထားချင်
တာလားဆိုတာ အကြောင်းပြချက်
ရေရေရာရာမရှိ။

သေချာတာတစ်ခုကတော့
သူကျွန်တော့်ကိုတော်တော်လေး
စိတ်ဆိုးနေတယ်ဆိုတာဘဲ

|||||||

မနေ့ညက အတွေးလွန်ကာ
လင်းခါနီးလေးတစ်ခနအိပ်ပျော်သွားသည်။ နိုးလာတော့ နံနက်ခုနှစ်နာရီပင်
ရှိလေပြီ။ မကြည်မလင်စိတ်နဲ့အတူ
ထယ်ယောင်းဟော်တည်
ပြတင်းတံခါးကိုဖွင့်ကာ ၀ရန်တာကနေ
တစ်ခြားသူတွေ လှုပ်ရှားသွားလာမှုကို
အကဲခတ်နေလိုက်သည်

ဒီနေ့ကျမှ နှင်းကတော်တော်လေး
ကျနေသည်။ ဘေးပတ်ပတ်လည်က
သစ်ပင်တို့တွင်လည်း နှင်းမှုံများက
ကပ်ငြိလို့နေသည်။ လမ်းတစ်ဖက်
တစ်ချက်တွင် ထိုနှင်းမှုံများနေရာယူထားပုံက အဝေးကမြင်ကွင်းကိုပါ
မမြင်ရသည်အထိ။

၀ရံတာမှာခနကြာကြာနေမိတော့
လေစိမ်းတိုက်တာကြောင့် ချမ်းစိမ့်
ချမ့်ဖြစ်လာသည်။ ထယ်ယောင်း
ပြတင်းတံခါးအသာပိတ်ကာ အထိမခံ
အတွေ့မခံ စိတ်ကောက်ပြသူစီသွားဖို့
ပြင်လိုက်တော့သည်။
.
.
.
Hs; ချစ်သူကောင်မလေးအတွက်
ပေးမယ်ဆိုရင်တော့ နှင်းဆီပန်း
ကအကောင်းဆုံးပါပဲညီလေး

မေတ္တာ...စူး (U+Z)Where stories live. Discover now