P 33

285 43 1
                                    

သူနဲ့ကိုယ်နဲ့ အဆင်ပြေသွားချိန်မှစလို့
ကိုယ့်စီကို ချောင်းပေါက်မတက်ရောက်ရောက်လာသည်။
နေ့လည်စာ ညစာကို ကိုယ့်အိမ်မှာ
စားပြီးမှပြန်တယ်။ ဒါတောင်...
တော်သေးတယ်ပဲပြောရမလား
အိပ်ချိန်ရောက်ရင်သူ့ဟော်တည်
သူပြန်အိပ်လို့

Ty; ဟိုဘီ...

အသံကစကြားရပြီ
မနက်ကိုးနာရီ ဒေါင်ဆိုတာနဲ့
ကိုယ့်စီကိုကွန်ပျူတာတစ်လုံးနဲ့
ရောက်နေပြီ။ အလုပ်မအားရင်လည်း
နောက်မှလာပါဆိုတာကို ပြောမရဘူး

Ty; ဟိုဘီ....

အခန်းထဲက ဖုန်းပြောပြီး ထွက်လာတဲ့သူက လူကို ဘာလည်းဆိုတဲ့အကြည့်နဲ့
မေးငေါ့ပြလေသည်

Ty; ဘယ်သူနဲ့ဖုန်းပြောနေတာလဲ
အကြာကြီးပဲ

Hs; ဪ....
ဂျောင်ကုနဲ့ပါ
ဆိုလ်းကိုပြန်လာမဲ့အကြောင်း
ပြောနေတာ

ဂျောင်ကုဆိုတာနဲ့မျက်နှာသိသိသာသာ
ညိုးကျသွားသူ။ ကိုယ့်ကို စိတ်ခုမှာစိုးလို့သာ ဘာမှမပြောပေမဲ့ အကိုလေးကြည့်ရတာ ဂျောင်ကုနဲ့ပတ်သတ်ပြီး တစ်ခုခုပြောချင်နေပုံ

Hs; ဘာဖြစ်လို့လည်း

Ty; ဘာမှမဖြစ်ပါဘူး

ဘာမှမဖြစ်ပါဘူးလို့သာပြောတာ
နှုတ်ခမ်းက ကွန်ပျူတာကို တက်ထိုး
မိတော့မယ်။ ကိုယ်စိတ်ဆိုးမှာစိုးလို့သာ
သူမပြောတာ။ သူ့ရင်ထဲ တနုတ်နုတ်ဖြစ်နေမယ်တိုတာ သိပါတယ်။
ထယ်ယောင်းရဲ့ထိုပုံစံကို
ကြည့်ပြီး ဟိုဆော့အသာရယ်ကာ

Hs; ဂျောင်ကုနဲ့ပတ်သတ်ပြီး
သ၀န်တိုနေတာလား

မေးလိုက်တော့ မျက်လုံးဝိုင်းဝိုးင်း
တွေနဲ့လှန်ကြည့်လာသူ။ တကယ်ပါ
အဲ့မျက်၀န်းတွေကို ဘယ်လောက်ထိ
တောင်ရူးခဲ့ရသလဲ

Hs; ဂျောင်ကုနဲ့က သူငယ်ချင်းထက်
မပိုခဲ့တာမို့ တွေးပူစရာမလိုဘူး

Ty; ဒါဆို....
ဟိုတစ်ခါဖုန်းပြောတုန်းက
ဂျောင်ကုကိုငါ့ကောင်လေးဆိုပြီး
ပြောနေတာကရော

အရင်တုန်းကကိစ္စကို အခဲမကြေသလို
မျက်မှောင်တွေကြုံ့ပြီးပြန်ပြောနေတာကြောင့် ဟိုဆော့ဟက်ဟက်ပက်ပက်ကို
ရယ်ပြစ်လိုက်တော့သည်။

မေတ္တာ...စူး (U+Z)Where stories live. Discover now