P 17

237 48 7
                                    

ဒီအိမ်တော်ရဲ့ အကြိုက်ဆုံးနေရာကို
ပြောလို့ဆိုလာခဲ့ရင် အခုကျွန်တော်
ထိုင်နေတဲ့ပန်းဥယျာဉ်ရှိရာကို လက်ညှိုး
ထိုးပြမိမှာအမှန်

စိမ်းဆိုတဲ့မျက်ခင်းပြင်ရယ်
ဦးဦးစိုက်ခဲ့တဲ့ပန်းပင်တွေရယ်
တစ်ခါတစ်လေ မြင်ရတတ်သော
လိပ်ပြာလှလှလေးတွေရယ်.......

အင်း.....ကျွန်တော်သဘောအကျတာ
ထက်ကိုပိုပါတယ်။ လေပြေတစ်ချက်
တိုးဝှေ့လိုက်တိုင်း နှာဖျားကို လာရိုက်
ခတ်တဲ့ ပန်းရနံ့သင်းသင်းတွေက စိတ်ကိုကြည်လင်စေတာအမှန်။

မြင်ကွင်းထဲမှာ လှလှပပ ဖူးပွင့်နေကြ
သောပန်းတွေက လှချင်တိုင်းကိုလှနေ
ကြတော့တာ။

ကျွန်တော်ဒီရက်ပိုင်း မျက်လုံးအနဲငယ်
ပြန်မြင်ရပြီ။ မှုံဝါးနေပေမဲ့ မမြင်ရတာနဲ့
ဆိုင်ရင်တော်သေးသည်။ မျက်လုံးအခြေနေတဖြည်းဖြည်းခြင်းကောင်း
လာပေမဲ့ ကျွန်တော်ဘယ်သူ့ကိုမှ
မပြောဖြစ်။ နောက်ဆုံးအချိန်ထိ
အကိုလေးရဲ့ကျင်နာမှုကို ရသလောက်
ယူသွားချင်သေးသည်

Ty; ဟိုဘီ

တွေ့လား
နဲနဲလေးမှကိုအပျောက်မခံတာ
ကျွန်တော်ဒီလိုဖြစ်သွားချိန်ကထဲက
ဆိုပါတော့။ သူ့မျက်စိအောက်က
ပျောက်သွားပြီဆိုတာနဲ့ လိုက်ရှာတော့
တာဘဲ

Ty; လိုက်ရှာလိုက်ရတာ
ဘာလို့တစ်ယောက်ထဲခြံထဲဆင်းလာတာလဲ။ ချော်လဲနေရင် ဘယ်လို
လုပ်မလဲ

Hs; ကျွန်တော်ဘာမှ
မဖြစ်ပါဘူးအကိုလေးရဲ့

Ty; ပြောလိုက်ရင်အဲ့လိုကြည့်ဘဲ

Ty; လေစိမ်းတိုက်တယ်
အနွေးထည်၀တ်ထား

ဆိုပြီး ကျွန်တော့်ကိုယ်ပေါ်
လာခြုံပေးတဲ့ အကျီလက်ရှည်
တစ်ထည်

Hs; အကိုလေးဒီရက်ပိုင်း
ဆွန်းဟန်စီမသွားဘူးလား

ကျွန်တော်ပြောလိုက်တော့
သိသိသာသာညိုးကျသွားတဲ့
အကိုလေးရဲ့မျက်နှာကို ‌အမြင်အာရုံ
ဝေဝါးစွာနဲ့ ကြည့်နေမိသည်

Ty; ဟင့်အင်း

Hs; ဟင်...ပြောတော့စေ့စပ်တော့မှာဆို
ဘာမှမပြင်ဆင်ရသေးဘူးလား

မေတ္တာ...စူး (U+Z)Where stories live. Discover now