P 47

186 36 2
                                    

Hs; ဒီနေ့ လပြည့်နေ့မိုလို့လားမသိဘူး
လမင်းကြီးက သိပ်လှတာပဲ

လေညှင်းသဲ့သဲ့က မျက်နှာပေါ် ဖြတ်ပြေးလာခြင်းနှင့်အတူ လိုက်ကာစ
တွေဟာလည်း ဟိုလှင့် ဒီလွင့်.....

ထယ်..........
ဟိုဘီတကယ်လွမ်းတယ်လို့ပြောရင်
ယုံနိုင်ပါအုံးမလား

မဖြစ်နိုင်ဘူးထင်ပြီး ဟိုဘီကိုယ်တိုင်
ခြားလိုက်တဲ့စည်းတစ်ဖက်တစ်ချက်မှာ
ထယ့်ဘက်ကလည်းငိုရသလို ဟိုဘီ
ဘက်ကလည်း ပြိုလဲရတာပါပဲ

ထယ့်ကို တကယ်ဆုံးရှုံးသွားပါပြီလို့
ကိုယ့်ကိုကိုယ်အတည်ပြုဖို့အတွက်
ဟိုဘီ ဘယ်လောက်ထိပင်ပန်းခဲ့ရလဲ
သိလား.........

Hs; သူမနဲ့ဘ၀သစ်လေးမှာ
ပျော်ရွှင်နေတယ်မလား..........

အေးစက်စက် အထိတွေ့က ပါးပေါ်
ဖြတ်ပြေးသွားတာနဲ့ သိလိုက်ပါပြီ
ထပ်ပြီး ငိုနေရပြန်ပြီဆိုတာ
အပြုံးတွေဆင်မြန်းထားပေမဲ့
အတုယောင်သာဖြစ်ကြောင်း
မျက်ရည်တွေက သက်သေလိုက်
ပေးနေလေရဲ့။ အခုချိန်ထိ မရင့်
ကျတ်နိုင်သေးတဲ့နှလုံးသားက
သေတဲ့အထိ နာကျင်နေရမှာလား
ဆိုတာမတွေးတတ်တော့ဘူး

တွေ့လား......
ဘယ်လောက်ပဲခံနိုင်ရည်ရှိပါတယ်
ပြောပြော.....ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင် မျက်ရည်ကျရတာကြည့်ပါပဲ

Hs; သုံးနှစ်ပြည့်တော့မယ်နော်ထယ်....

ဒီအချိန်ထိရောက်ဖို့ ဟိုဘီ
ဘယ်လောက်ထိ ကြိတ်မှိတ်ပြီး နေခဲ့
ရလဲသိလား။ အခုချိန်ဆို ထယ်က မိသားစု ဘ၀လေးနဲ့ ပျော်စရာကောင်းနေမှာသေချာတယ်။ ဟိုဘီလိုလူကို
မေ့လောက်ရောပေါ့........

ပြောပြချင်တယ်
နေနိုင်သွားတာမဟုတ်ရပါဘူး။
ထယ်ပျော်ရွှင်ဖို့အတွက် ပျော်ချင်ယောင်ဆောင်ခဲ့ရတာပါ။
ကိုယ်ရွေးချယ်လိုက်တဲ့
လမ်းဟာ မှန်တယ်လို့ယူဆခဲ့ပေမဲ့
မျက်ရည်တွေကတော့ အခုထက်ထိ
ကျနေရတုန်း

အဲ့လိုပဲ.........
တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်
ပျော်နေလား ၀မ်းနဲနေလားတောင်
မသိတော့ဘူး။ သူမရင်ခွင်ထဲမှာ
ထယ်ပျော်နေရတဲ့အချိန် လမင်းကြီးကိုအဖော်ပြုပြီး တိတ်တခိုးငိုကြွေးနေရတယ်ဆိုတာ ကြယ်လေးတွေသက်သေ
ရှိပါတယ်

မေတ္တာ...စူး (U+Z)Where stories live. Discover now