P 31

300 51 9
                                    

JM; ဒီပန်းတွေက....

Hs; မနက်ဖြန် အသိတစ်ယောက်ရဲ့
မင်္ဂလာဆောင်မှာ အလှဆင်ပေး
ရမှာလေ

JM; ဪ.....

ဟိုဆော့က ပန်းဆိုင်လေးဖွင့်ထားကြောင်းကို ထယ်‌ယောင်းစီးက
အမြဲလိုလိုကြားရတာကြောင့် ဂျီမင် အထူးတလယ်မမေးဖြစ်တော့ပါ

JM; ဟိုမှာတော့ပူကီဆိုင်
စားမလားဟိုဆော့

Hs; အင်းစားမယ်လေ

Ty; ဟိုဘီရယ်...အစပ်တွေ
အရမ်းမစားပါနဲ့လား။
အစာအိမ်သမားနဲ့
မတည့်ဘူးလေ

JM; မင်းကလည်း ပိုပြန်ပြီ
အရမ်းမစပ်ပါဘူး

Hs; သူ့ကိုဂရုစိုက်မနေပါနဲ့
ကိုယ့်ပါးစပ်နဲ့ကိုယ်စားတာပဲကို
လာပါ....ပြောနေကြာတယ်။ သွား
စားကြမယ်

သူ့ကိုမစားနဲ့ပြောလို့
နှုတ်ခမ်းတစ်ဒေါင်လောက်ထော်ပြီး
ဂျီမင်လက်ကိုဆွဲကာ တော့ပိုကီဆိုင်ကို
ကော့်တော့်ကော့်တော့်နဲ့ထွက်သွား
သူနောက် ထပ်ကြပ်မခွာလိုက်ရုံမှအပ
ဘာတက်နိုင်အုံးမှာလဲ

JM; ဟိုဆော့ ဟိုမှာဆူရှီဆိုင်
စားကြမလား

Hs; အင်းစားလေ

JM; ဟိုဆော့ ဟော့ဒေါ့စားမယ်မလား

Hs; အင်း

JM; ဟိုဆော့
ဘာကာစားမလား

Hs; အင်း

တစ်မျိုးပြီးတစ်မျိုး တစ်ဆိုင်ပြီး
တစ်ဆိုင် ပတ်မွှေနေပါသောဂျီမင်။
ဂျီမင်ဘာပြောပြော ဟိုဆော့က
အပြုံးလေးဖြင့်သာ မညီးမညူခေါင်း
ငြိမ့်ပြီး ဂျီမင်အကြိုက်ကိုလိုက်ပေးရှာသည်။

Jm; ဟိုဆော့ ပီစာစားကြမလား

Hs; ဂျီမင်စားချင်ရင်
သွားစားကြမယ်လေ

လက်ခုပ်လေးတီးပြီး
ကလေးတစ်ယောက်လိုပျော်
သွားသူကဂျီမင်ရယ်သာ။

နောက်ကနေငွေထုပ်ပိုက်ပြီး
လိုက်ရှင်းရတဲ့ ထယ်ယောင်း
ကတော့ ဂျီမင်ကို မေတ္တာတွေ
ပို့နေတော့သည်။
ပြောလိုက်ပါသေးတယ်.....
"ငါခေါ်လာလို့ မင်း ဟိုဆော့နဲ့အတူတူအခုလိုဈေး၀ယ်ထွက်ရတာလေ။ ကျေးဇူးတင်လိုက်စမ်းပါ"ဆိုပဲ။

မေတ္တာ...စူး (U+Z)Where stories live. Discover now