P 53

222 37 7
                                    

"မဆိုးဘူး
အခြေနေကောင်းလာပြီပဲအကိုလေး
ဒီတိုင်းဆို ခြေထောက်တွေကောင်းဖို့
မလိုတော့ဘူး"

"ခနနားကြမလား"

Ty; အင်း

"ဖြေးဖြေးအကိုလေး"

ထိုင်ခုံလေးကို အဆင်သင့် ဆွဲယူပေးလာတဲ့
smileက ထယ်ယောင်းအတွက် တကယ့်ကို
အသေးစိတ်ဂရုစိုက်လွန်းသည်

Ty; ဒီကော်ဖီကို ဘယ်သူဖျော်ပေးတာလဲ

ကော်ဖီခွက်ကို အနဲငယ်ကိုင်မြှောက်ပြီး
မျက်ခုံးတွေပင့်ကာ smileကိုမေးနေသော
ထယ်ယောင်း.....
ဒီနှစ်တောအတွင်း ဂျီမင်၀ယ်လာတဲ့ကော်ဖီက
လွဲရင် နွားနို့ပဲရောက်ရတာမို့ ထယ်ယောင်းအတွက် Smileဖျော်ပေးတဲ့ကော်ဖီက ဒီနေ့ကြမှ
ထူးဆန်းနေသလို

"ဘာဖြစ်လို့လည်းအကိုလေး
တစ်ခါတစ်လေ အကိုလေး ကော်ဖီများ
သောက်ချင်မလားလို့ ကျွန်တော်ဖျော်
လာတာပါ"

Ty; ဘာမှမဖြစ်ပါဘူး
အရမ်းကောင်းနေလို့

ဟိုဘီလက်ရာနဲ့တစ်ထေရာထဲတူနေတာမို့
smileကို ကျေနပ်သောအပြုံးဖြင့်သာတုန့်ပြန်
ပြီး မသောက်ရတာကြာပြီဖြစ်တဲ့ ထိုလက်ရာ
လေးကို အရသာခံကာသောက်ကြည့်နေမိသည်

နှစ်ခြိုက်စွာ တစ်ငုံပြီးတစ်ငုံ သောက်နေတဲ့
ထယ်ယောင်းရဲ့အပြုံးတွေကို ငေးကြည့်ရင်း
Smileလည်း ကျေနပ်နေရသည်။ လေတိုက်
လိုက်တိုင်းလွှင့်မျှောသွားတဲ့ဆံသားတွေက
အရင်ကအတိုင်း မပြောင်းလဲခဲ့ပါ။ အခုနေ
ထယ်ယောင်းရဲ့ နှဖူးပေါ်ဝဲကြနေတဲ့ ဆံနွယ်
တို့ကို smileသပ်တင်ပေးချင်တာပဲသိသည်

"ရေကူးကန်နဲ့နီးလို့လားမသိဘူး
လေတွေက နဲနဲအေးတယ်နော်"

ပြောပြောဆိုဆိုနှင့် ထယ်ယောင်းရဲ့
လည်တိုင်ပေါ်သို့ရောက်လာတဲ့ မာဖလာ
ပန်းခရမ်းရောင်လေး

Ty; Smileရယ် ငါဒီလောက်လဲ
မအေးပါဘူး

"ပတ်ထားလိုက်ပါ
အကိုလေးသာ တစ်ခုခုဖြစ်ရင်
ကျွန်တော်၀မ်းနည်းရမှာ"

မျက်နှာငယ်နဲ့ပြောလာတဲ့smileရဲ့စကားကြောင့်
ထယ်ယောင်းဟာ ဟက်ဟက်ပက်ပက်ကိုရယ်
တော့သည်။ ကိုယ့်ကို ဂရုစိုက်တဲ့သူ ရှိသေးပါလားဆိုပြီးတော့ပေါ့။ တကယ်ပါ......
ဒီကောင်လေးက အထူးအဆန်းရယ်

မေတ္တာ...စူး (U+Z)Where stories live. Discover now