P 50

203 33 6
                                    

Hs; ဟုတ်ကဲ့ အဆင်ပြေပါတယ်ဦးလေး
သားကို စိတ်မပူပါနဲ့📞

"သားကို အဲ့ကိုလွှတ်သာ
လွှတ်ရတာ ဦးလေးစိတ်မချဘူး"

Hs; သားဒီမှာ ကောင်းကောင်းပျော်
နေပါတယ် သားကိုစိတ်ချနော်

"သိပါတယ်နော်
အဲ့မှာ သေချာပေါက်
ပျော်နေမယ်ဆိုတာ"

Hs; သုံးနှစ်တောင်ပြည့်တော့မယ်လေ
ဒီလောက်ဆို လုံလောက်ပြီမလား

"အင်းပါ
အခွင့်ရရင် ဦးလေးစီ
လာခဲ့အုံးလေ"

Hs; ဟုတ်ကဲ့
သားလာမှာပါ
ဒီဦးလေးတစ်ယောက်ထဲရှိတာကို
ပြန်လာခဲ့ရမှာပေါ့

"ဟုတ်ပါပြီ"

"ဒါပဲနော်သား
ဦးလေးအစည်းဝေးရှိသေးလို့"

Hs; ဟုတ်ကဲ့📞
.
.
.
"အကိုလေးပြန်ရောက်နေတာလား"

"ဟုတ်တယ်‌ေလ
အိုပါးမသိဘူးလား"

"ခုနက ဒေါ်ဒေါ်‌ဈေးသွားခိုင်း
နေတော့ မသိလိုက်ဘူး"

"အင်း...အခုတော့ ခရီးပန်းလာလို့
အိပ်နေတယ်ထင်တယ်"

"အဲ့ဒါဆို အိုပါး
သန့်ရှင်းရေးလုပ်လိုက်အုံးမယ်
တော်ကြာ အကိုလေးနိုးလာလို့
ဧည့်ခန်းထဲ ဖုံတွေပေနေရင် အဆူခံရ
အုံးမယ်"

At 1:00 PM

ဒေါက် ဒေါက် ဒေါက်!!

"အကိုလေး
အကိုလေးကျွန်တော်၀င်ခဲ့မယ်နော်"

ရှင်းလင်းနေတဲ့အခန်း‌ကြောင့်
နေ့လည်စာယူလာတဲ့လင်ဗန်းလေးကို
စားပွဲပေါ်ချကာ အကိုလေးဆိုသူကို
လိုက်ရှာမိသည်။

"အကိုလေး....."

ဗလာဖြစ်နေတဲ့ဝှီးချဲကြောင့်
တစ်ခုခုများဖြစ်နေလားဆိုပြီး
၀ရံတာဘက်တွေလည်းလိုက်ရှာ
ရတာအမော

"အကိုလေး"

"အကို-"

ထယ်ယောင်းနဲ့ပတ်သတ်ပြီး
အသံသေးသေးတောင်မကြားတာမို့
Smileလဲ ပြာယာခတ်စွာ အောက်
ထပ်ကိုဆင်းရန် တောက်လှည့်ကြည့်လိုက်တော့

Ty; ဘာလို့အရမ်းတွေ
အော်ခေါ်နေတာလဲ!

‌ဂျိုင်းထောက်အကူညီဖြင့် ရေချိုးခန်း
ထဲမှထွက်လာတဲ့ထယ်ယောင်းက
ပြာယာခတ်နေတဲ့ smileကိုကြည့်ပြီး
မျက်မှောင်တွေကြုံ့ကာ မွေ့ယာပေါ်
ထိုင်လိုက်သည်

မေတ္တာ...စူး (U+Z)Where stories live. Discover now