P 46

196 36 18
                                    

JM; ထယ်ယောင်း....

ဂျီမင်က ကော်ဖီဘူးလေးကိုင်ကာ
ထယ်ယောင်းကိုခေါ်လိုက်တော့
စောင်းငဲ့ကြည့်လာတဲ့မျက်၀န်းတွေက
အမြဲတမ်း အသက်မရှိသလို
အေးဆက်ဆက်နိုင်လွန်းသည်။

JM; ရော့...
မင်းအတွက် ကော်ဖီ

၀ယ်လာတဲ့ကော်ဖီဗူးလေးကို နှုတ်ခမ်းနားတေ့ပြီ အနဲသောက်
လိုက်တော့ အမြဲတမ်းလိုလို ကြားနေ
ရတဲ့ စကားက ရိုးရာမပျက်ခဲ့ပါ

Ty; အင်း.......
မင်းအမြဲတမ်း၀ယ်၀ယ်လာတဲ့
ဒီကော်ဖီက ဟိုဘီဖျော်ပေးတာလောက်
မကောင်းဘူးသိလား

ကော်ဖီကို တစ်ငုံသာသောက်ပြီး
ခပ်ရေးရေးပြုံးကာ သူ့ရှေ့မှာရှိတဲ့
ပန်းခင်းကြီးကိုသာ ဆက်ကြည့်နေသည်။ ဘာလို့ဒီလောက်ထိများ ပြောင်းလဲသွားရတာလည်းလို့မေးရင်
အချစ်ကြောင့်ပဲပေါ့

Ty; မင်းက ငါဒီမှာရှိနေတယ်ဆိုတာ
ဘယ်လိုသိတာလည်း

JM; မင်းက အားနေရင်ဒီပဲလာတာလေ
ဒီနေရာကလွဲပြီး မင်းဘယ်ကိုသွား
လို့လဲ

ထပ်ပြီး ပြုံးလာတဲ့အပြုံးတွေဟာလဲ
အသက်မပါသလို ထယ်ယောင်းရဲ့
အကြည့်တွေဟာလည်း ပန်းခင်းကြီး
ကနေမခွာ။

JM; မင်းဒီတိုင်းပဲနေသွားတော့မှာလား

Ty; ဒီတိုင်းကဘာဖြစ်နေလို့လည်း

JM; မင်းခြေထောက်က-
ကျစ်!!

ဂျီမင်ဆက်မပြောနိုင်တော့ပဲ
သက်ပြင်းသာချလိုက်သည်။
ဘယ်လိုခေါင်းမာတဲ့သူငယ်ချင်းလဲ

Ty; ဒီတိုင်းလေးပဲကောင်းပါတယ်

JM; မဟုတ်သေးပါဘူး.....
ထယ်ယောင်းရယ် ရှေ့ရှောက်-

Ty; ငါသာ သန်စွမ်းနေရင် သူ့ကို
လိုက်ရှာနေအုံးမှာ။ မင်းသိပါတယ်
ဂျီမင်ရယ်........ငါကလေ
ဟိုဘီ ဘယ်နေရာသွားသွား မြေလှန်ပြီး
လိုက်ရှာမဲ့လူစားမျိုး။

Ty; အခုလို မသန်စွမ်းတော့
ကိုယ့်အခြေနေ ကိုယ့်အနေထားကို
သိပြီး သူ့ကိုမမှန်းရဲတော့တာပေါ့

Ty; နောက်ပြီး ငါကအိမ်ထောင်သည်။
သူမှမချစ်တာ ငါ့ဘ၀ကြီးက ရှင်လျက်
နဲ့သေနေပြီးသား

မေတ္တာ...စူး (U+Z)Where stories live. Discover now