ဇာတ်ကောင် မိတ်ဆက် နှင့် စကားများခြင်း

1.4K 40 0
                                    

✩ကိုကို့ရဲ့အငြိုးအာကာသတွေ ကိုကို့ရဲ့ကလဲ့စားတွေပြီးပြည့်စုံဖို့ ကျွန်တော့်ကို ခြေနင်းကျောက်ခုံလိုသဘောထားပြီး အပေါ်ကိုနင်းခြေတက်သွားလိုက်ပါ ကိုကို ဒါပေမယ့် ကျွန်တော့်ရဲ့ကမ်းလက်ကိုတော့ စွန့်ပစ်ပြီး အဝေးကိုတော့ထွက်မသွားလိုက်ပါနဲ့ကိုကိုရယ်✩

☽ကိုကို့ရဲ့သွေးစွန်းနေတဲ့လက်အစုံက မင်းရဲ့ကမ်းလက်ကို မဝံ့ရဲဘူး ငယ်။ အထူးသဖြင့် ‌မင်းအဖေရဲ့သွေးတွေစွန်းနေတဲ့ ဒီလက်☽

☀︎မင်းရဲ့ခန္ဓာကိုယ်က ကိုယ်နဲ့အတူရှိနေပေမယ့် မင်းရဲ့နှလုံးသားက ကိုကြီးဆီမှာအပ်နှင်းထားတာကို ဒီကကောင်ကပျော်နေနိုင်မယ်လို့ ထင်နေတာလား ဟန်ယူဂျင်း☀︎

☁︎ခများအစ်ကိုက ကျွန်တော်အချစ်ရဆုံး အစ်ကို နဲ့ အဖေ့ကိုသတ်ထားရုံမကလို့ ကျွန်တော့်ရဲ့နှလုံးသားကို ခွေးကျွေးလို့မရအောင်တောင် ဆုတ်ဖြဲထားနိုင်ရဲတာ ကျွန်တော်ကဘာလို့ ခများနှလုံးသားကို နင်းချေမပစ်ရဲရမှာလဲ ကင်မ်ဂယူဘင်း☁︎

☁︎✩☽☀︎

မုမန့်မရလွန်းလို့ သွေးတက်ပြီး ရေးဖြစ်သွားတာမို့ ဖတ်ပေးကြမယ့်တစ်ယောက်ချင်းဆီကို နည်းနည်းလောက် စကားများချင်ပါတယ်ရှင့်။ BP ပြစဉ်တစ်လျှောက် အင်တာက အစ်မတော်များရဲ့ K F4 edit တွေကို သတိထားမိပြီး သဘောတွေ့ရာကနေ F4 ကလည်း အခုဆိုအတူတူလက်တွဲခရီးသွားနေကြပြီဆိုတော့ ဒီကောင်လေးလေးယောက်က ကိုယ်နဲ့ရေစက်ပါတယ်လို့တွေးမိပြီး ဆွဲရှစ်နဲ့ဆွဲမရှစ် ဖြစ်တဲ့ ကို့ OTP နှစ်တွဲကို ဒီဇာတ်လမ်းလေးနဲ့ ပုံဖော်မိသွားတာပါ။

ဘယ် OTP အတွဲကိုမှ ထိခိုက်စေလိုခြင်း အလျှင်းမရှိတာကြောင့် အရံပါမည့်ဇာတ်ကောင်တွေကိုလည်း ကို့စိတ်ကူးရှိရာ အမည်နာမပေးပြီး ပုံဖော်ထားတာမို့ မကိုက်ညီတဲ့နာမည်တွေဖြစ်သွားခဲ့ရင် နားလည်ပေးစေချင်ပါတယ်။နောက်ပြီး ပရော်ဖက်ရှင်နယ် စာရေးသူတစ်ယောက်မဟုတ်သည်မို့ အသုံးအနှုန်းတွေ အယူအဆတွေအဆင်မပြေတာတွေရှိခဲ့ရင်လည်း အပြုသဘောအနေနဲ့ ထောက်ပြပေးစေချင်ပါတယ်ရှင်။

Warning အနေနဲ့ နောက်ပိုင်းတွေမှာ adult scenes တွေစကားလုံးအရိုင်းတွေ ပါမှာဖြစ်တာကြောင့် အပြင်ကကောင်လေးတွေကို ထိခိုက်စေလိုခြင်းအလျှင်းမရှိတာမို့ ကြိုပြီးလည်းမေတ္တာရပ်ခံထားပရစေရှင့်။ စကားလေး နည်းနည်းများပြီးပြီဆိုတော့ အပိုင်း(၁)ကို ဖတ်လို့ရပါပြီရှင်🤗

☁︎✩☽☀︎

Nothing's Gonna Stop Us Now Where stories live. Discover now