အပိုင်း(၅) ~ စမှတ်

308 30 0
                                    

"ကျွန်တော့်ခါးကို ကိုင်ထား"

ယူဂျင်းမှာ ရဲတင်းစွာဖြင့် ဂျီအွန်း၏ လက်ကို သူ၏ခါးတွင် ဆွဲဖတ်စေလိုက်တာကြောင့် အံ့အားသင့်လိုက်ခြင်း‌မှာပဲ အလိုအလျောက်တုံ့ပြန်မှုက ဂျီအွန်းတစ်ယောက် လက်ကိုရုတ်ချည်းပြန်ဆုတ်လိုက်မိသည်။

*ဟင်း!*

ယူဂျင်းနှုတ်ခမ်းထက်က သဘောမတွေ့ဟန်အပြုံးကြောင့် ဂျီအွန်းပြန်ဆုတ်မိလိုက်တဲ့လက်ကို ဘယ်နေရာထားရမှန်းမသိ အခက်တွေ့သွား၏။

"................"

တိတ်ဆိတ်စွာနဲ့ မေပယ်ရွက်တွေ တလွင့်လွင့်ဝဲပျံနေတဲ့ လမ်းမကြီးကို ဖြတ်သန်းလာရင်း စက်ဘီးနင်းနေတဲ့ယူဂျင်း သူ့နောက်ကလူ၏ အနေရခက်နေသော လက်တစ်စုံကို ဆွဲယူကာ သူ့ခါးကိုသွယ်ဖတ်စေလိုက်ချင်ပေမယ့် အလိုမကျစွာ တုံ့ပြန်လာမယ့်တုံ့ပြန်မှုကို ထပ်မလိုချင်တာမို့ အသာလေးပဲ ဘေးဘက်အောက်ကို မကြာမကြာငုံ့ကြည့်ရင်းပဲ သက်ပြင်းချနေမိသည်။ သူ၏ကျောပြင်ပေါ် ပင့်သက်နေတဲ့ အသက်ရှုသံတွေဟာလည်း ဟန်ယူဂျင်း၏စွဲမက်မှုကို တိုးနေ‌စေပြန်။

"ရောက်ပြီ ကိုကို"

"?!"

"ကျွန်တော်ထင်တာ မမှားဘူးဆို အိမ်ရောက်နေတဲ့ ကိုကို့ညီကို လာခေါ်တာမလား"

"မင်း အစ်ကို့ကို ဘယ်လိုခေါ်လိုက်တယ်?!"

"ကိုကိုလို့လေ ဘာဖြစ်လို့"

ဘာမှမဖြစ်သလိုဟန်ဖြင့် စက်ဘီးဒေါက်ထောက်ရင်း ပေါ့ပေါ့ပါးပါးပြောနေတဲ့ ယူဂျင်းကို ဂျီအွန်းသဘောကျဟန်နဲ့ကြည့်နေပေမယ့် အခေါ်အဝေါ်ကိုတော့ မကြိုက်ချင်ပါ။

"ကိုကိုဆိုတာ အစ်ကို့အတွက်!"

ပြောလိုက်စ စကားကိုရပ်လိုက်ပြီး တစ်ခုခုကိုသတိရသွားကာ

"မင်းခုဏက အိမ်ရောက်နေတဲ့ ကို့ညီလို့ပြောလိုက်တာလား"

"အာ အဲ့တာအပေါ်ရောက်ရင်သိလိမ့်မယ် ကျွန်တော်နဲ့လိုက်ခဲ့"

ဂျီအွန်းမှာ သူ့လက်ကိုဆွဲကိုင်ကာ အရှေ့ကဦးဆောင်သွားသော ကောင်လေး၏ ကျောပြင်ကိုသာငေးကြည့်ရင်း အူကြောင်ကြောင်ဖြင့် အနောက်ကလိုက်ပါသွားသည်။

Nothing's Gonna Stop Us Now Where stories live. Discover now