အပိုင်း(၁၃) ~ မုန်တိုင်းမလာခင် လေငြိမ်ရာ

239 26 1
                                    

"ငယ် ဘယ်မှာလဲ"



အချိန်ကား ညနေ ၅နာရီ ရုံးဆင်းချိန်။ ခါတိုင်းလို ကော်ဖီဆိုင်ထဲ သူ့ကိုစောင့်ကြိုနေသည်အထင်ဖြင့် ဆိုင်ထဲဝင်လာခဲ့ပေမယ့် ဟန်ဘင်း၏အရိပ်အယောင်ကို မတွေ့တာကြောင့် ဂျီအွန်း ဖုန်းဆက်‌မေးလိုက်သည်။



"ရောက်ပြီ ကိုကို!"



သူ့ဘေးနားရောက်လာသည့် ဟန်ဘင်းကိုလှည့်ကြည့်လိုက်တော့ မိုးရေစိုလို့!



"ဘယ်လိုဖြစ်လာရတာလဲ ငယ်။ မိုးရေတွေရွှဲလို့ပါလား"



"ဆိုင်ထဲဝင်ခါနီးမှ မိုးကရုတ်တရက်ကြီးရွာချလာတာကိုကို။ ဒါပေမယ့် တော်ပါသေးတယ် နည်းနည်းပဲစိုလို့"



ဟန်ဘင်းဆံနွယ်တွေကြားက မိုးရေစက်တွေကို ကူခါပေးရင်း ဆိုင်အပြင်ဘက်မှာ တဝေါဝေါရွာသွန်းနေသည့်မိုးတွေကို ဂျီအွန်း လှမ်းကြည့်ရင်းရေရွတ်မိသည်။



"ဆောင်းဦးတောင်ရောက်နေပြီကို မိုးကဘယ်လိုဖြစ်ရတာတုန်း"



"နွားနို့ပူပူလေး ငယ်"



ဟန်ဘင်းရှေ့က စားပွဲပေါ် မှာလာတဲ့ နွားနို့ခွက်ကို ချပေးပြီး သူ့အတွက်ယူလာတဲ့ latte ကိုတစ်ငုံသောက်ချလိုက်သည်။



"ကိုကိုတို့ မိုးဆဲမှပြန်ကြတာပေါ့"



"ဟုတ်ကိုကို"



"ဒါနဲ့ ငယ်! စာတွေအဆင်ပြေရဲ့လား?"



"ပြေပါတယ် ကိုကို။ ဘာဖြစ်လို့လဲ"



ဟန်ဘင်း နွားနို့ပူပူ‌တစ်ငုံမော့ချလိုက်ပြီး ဝင်းလက်သောအကြည့်များဖြင့် ကြည့်လာသည်။



"ဘာမှတော့မဖြစ်ပါဘူး ဒါပေမယ့် ငယ့်ကိုကြည့်ရတာ ဒီရက်ပိုင်း ပင်ပန်းနေတယ်လို့တွေးမိလို့ ကိုကိုကမေးကြည့်တာ"



"အာာ? ငယ် အဆင်ပြေပါတယ် စာမေးပွဲအတွက်နည်းနည်းအားရုံစိုက်နေမိလို့ပါ ကျောင်းသားတိုင်းက စားမေးပွဲနီးရင် ဒီလိုပဲဖြစ်နေကြမလား ဒါ‌မျိုးတွေက ပုံမှန်ပါပဲ"



အကြောင်းပြချက်ကောင်းကောင်းဖြင့် မုသားမမည်သည့် အလိမ်အညာစကားကို ဟန်ဘင်းဆိုလိုက်မိသည်။ သင်ခန်းစာမပြတ်မကွက် ပုံမှန်စာလုပ်နေကြကျောင်းသားအဖို့ အထူးတလည်စာကို အာရုံစိုက်နေဖို့မလိုသလို သင်လွယ်တတ်လွယ်သည့် ညာဏ်ရည်ရှိသူမို့ အလောတကြီးစာလေ့လာစရာမလိုသည့် ကျောင်းသားတစ်ယောက်၏ မုသားစကား! ပူပန်နေမိသည်က ဟိုတယ်ရှေ့မှာ တွေ့ခဲ့ရသည့် မြင်ကွင်းတစ်ခုပင်!


Nothing's Gonna Stop Us Now Where stories live. Discover now