အပိုင်း(၈) ~ နားလည်ခြင်း

293 27 3
                                    

စတိုးဆိုင်ထဲဝင်ဝင်ချင်း မြင်လိုက်ရတဲ့ကိုကို့အပြုံးဟာ နွေခေါင်ခေါင်မှာဖော်ဆောင်လာပေးတဲ့ လေညှင်းသွဲ့သွဲ့လေးလို နှလုံးသားတစ်ခုလုံးကို အေးမြသွားစေသည်။ သိလာခဲ့တဲ့ ၂နှစ်တာကာလမှာ ဒီလိုမျိုးလင်းလက်နေတဲ့ကိုကို့အပြုံးကို မတွေ့ခဲ့ဖူးတဲ့အချိန်တွေကို ယူဂျင်းတအားနှမြောမိသွားသည်။ ဂယူဘင်းကိုပြုံးရယ်ပြီးကြည့်နေသည့်အချိန်ကလွဲရင်ပေါ့......

အလုပ်ချိန်ကြီးမှာ စတိုးဆိုင်ထဲလူဝင်လာတာကိုတောင် သတိမထားမိလောက်အောင် ဘာတွေသဘောကျပြီးပြုံးရယ်နေမှန်း ယူဂျင်းမသိ။ သို့ပေမယ့် ကိုကို့ရဲ့အပြုံးတွေကို အနီးကပ်ရှုစားချင်လှသည်မို့ ခြေလှမ်းတွေကိုအရှိန်မြှင့်လိုက်သည်။

"Binnie တအားချစ်ဖို့ကောင်း‌မနေနဲ့ကွာ"

*ဟီးဟီး*

မုန့်တန်းစင်ကာနေတဲ့ အနောက်ဘက်က ရယ်သံနှင့်အတူ မြင်လိုက်ရတဲ့ မျက်နှာစိမ်းလူကြောင့် ယူဂျင်းရဲ့ ခြေလှမ်းတွေပျက်သွားသည်။

"Binnie က Hamster လေးပါဆို.... ကိုကိုဒါကိုလက်ခံရမယ် ဒီမှာကြည့်!?"

Hamster pose လုပ်ပြရန်ဟန်ပြင်လိုက်သည့် ဟန်ဘင်း ယူဂျင်းကိုလှမ်းမြင်လိုက်သည်မို့

"အာ! မင်္ဂလာပါ ဘာအလိုရှိပါသလဲ?"

ဟန်ဘင်းရဲ့နှုတ်ဆက်စကားကြောင့် ဂျီအွန်းလှည့်ကြည့်လာသည်။

"အာ?! ရောက်လာပြီလား ယူဂျင်း‌နီး"

"............."

သဘောကျစွာဟက်ဟက်ပက်ပက်ရယ်နေတဲ့ ကိုကို့ရဲ့အပြုံးမှဖော်ဆောင်နေတဲ့လေညှင်း‌သွဲ့သွဲ့လေးဟာ ချက်ချင်းပင်အသွင်ပြောင်းသွားကာ ပုံမှန်အတိုင်းသူ့အပေါ် ခပ်ပြတ်ပြတ်စကားဆိုလာတာကြောင့် ‌နွေခေါင်ခေါင်မှာပစ်ချလိုက်တဲ့ မိုးကြိုးတစ်ခုလိုပင် တောက်လောင်လာစေပြန်သည်။

☁︎✩☽☀︎

☁︎ကိုကိုခြေတစ်လှမ်းနောက်ဆုတ်တိုင်း
ကျွန်တော့်ဘက်က ခြေဆယ်လှမ်းတိုးခဲ့တယ်
အကွာအဝေးတွေက လျော့မလာခဲ့ဘူး
အချစ်တွေကလည်း လျော့မလာခဲ့ဘူး
အားအင်တွေလည်း လျော့လာခဲ့ဘူး
သို့ပေမယ့်
ကျွန်တော်ချစ်တဲ့ ကိုကို့ဆီက
အချစ်ခံဖို့
ဘယ်လောက်ခက်ခဲနေလဲဆိုတာတော့
ကျွန်တော်နားမလည်ခဲ့ဘူး☁︎

Nothing's Gonna Stop Us Now Where stories live. Discover now