အပိုင်း(၉) ~ စကားလေးတစ်ခွန်း

290 21 0
                                    

"ကိုကိုနဲ့ ခများ ဘယ်လိုပတ်သက်မှုတွေပဲရှိရှိ ကျွန်တော့်ဘက်က လက်လျော့ဖို့‌စိတ်ကူးမရှိဘူးဆိုတာ ခများကိုအသိပေးချင်ရုံပါ"

"..................."

"ဟန်ယူဂျင်း! မင်း ဒီလောက်ထိပြောမှဖြစ်မှာလား"

☁︎✩☽☀︎

☀︎ကျွန်တော်ချစ်ရတဲ့ ကလေးမှာ
သူသဘောကျရတဲ့ တစ်စုံတစ်ယောက်ရှိနေတာက
ပျော်ရွှင်စရာမဟုတ်ခဲ့ပေမယ့်
ကလေးရဲ့ပျော်ရွှင်မှုဟာ
ကျွန်တော်ပျော်ရွှင်ရာဖြစ်သည်မို့
အရာအားလုံးဟာ အေးချမ်းခဲ့တယ်
တစ်စုံတစ်ယောက်က
ကျွန်တော့်အစ်ကိုဖြစ်နေတာတောင်မှပေါ့☀︎

☁︎✩☽☀︎

ယူဂျင်းအတွက် အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးချင်မိတဲ့ ဂယူဘင်းဟာ ဒီတစ်ခါတော့ အစွမ်းအစမရှိတော့ပါ။

"ဘာလို့လဲ?! ကိုကို့ကို သဘောကျပိုင်ခွင့်ကျွန်တော့်မှာမရှိလို့လား"

"!"

"ကိုကို ကျွန်တော့်ကို အခုထိ လက်မခံသေးဘူးဆိုပေမယ့် ငြင်းလည်းမလွှတ်သေးဘူး။ အဲ့တော့ ကျွန်တော့်မှာ ကိုကို့ကို ပိုင်ဆိုင်ဖို့အခွင့်အရေးရှိ!"

"ဟန်ယူဂျင်း!"

"ဘင်းလေး!"

ယူဂျင်းရဲ့ ကော်လံစဟာ ဂယူဘင်း၏ လက်စုပ်ထဲကျေမွလျှက်......

"မုန်းတယ်။ ငါ့ကိုငါ သတ်ပစ်ချင်လောက်အောင်ထိမုန်းတယ်!"

ယနေ့အချိန်ထိ မြိုသိပ်ထားတဲ့စကားတစ်ခွန်း ပွင့်အံထွက်လာမည့်ဆဲဆဲ ယိုဆင်းလာတဲ့ မျက်ရည်စတွေကို မမြင်အောင်ဖုံးဖိရမည်မို့ ဂယူဘင်း အဝေးကို ပြေးထွက်သွားသည်။

"ဘင်းလေး?!"

ဟန်ဘင်းနောက်ကိုလှည့်ကြည့်မိစဉ် ကြောင်အမ်းအမ်းဖြင့် နေရာမှာ အတောင့်သားကျန်ရစ်ခဲ့တဲ့ ဟန်ယူဂျင်း.....

*မဖြစ်နိုင်ပါဘူး?*

"ရားးးးးးးးး"

တိတ်ဆိတ်စွာဖြင့် ဂယူဘင်းပခုံးကို ပုတ်သပ်ပေးနေသည့် ဟန်ဘင်း....

Nothing's Gonna Stop Us Now Where stories live. Discover now