အပိုင်း(၂၀) ~ ဆုံးရှုံးသွားသော မှတ်ဉာဏ်

133 17 0
                                    

"ဆရာ ကိုကြီးအခြေအနေဘယ်လိုရှိလဲ ခဗျ"



"သူ့ဦးနှောက်ကို ဓာတ်မှန်ရိုက်ထားတဲ့အ‌ဖြေကြည့်ရတာကတော့ ဦးနှောက်အစိတ်အပိုင်းက ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် မှတ်ညာဏ်တစ်ချို့ပျောက်ဆုံးနေတယ်လို့ ထင်ရတယ်။ ပျောက်ဆုံးသွားတဲ့မှတ်ညာဏ်တွေက သူအမေ့ပစ်ချင်ဆုံးအကြောင်းအရာတွေလည်း ဖြစ်နိုင်သလို သူတန်ဖိုးအထားရဆုံးအကြောင်းအရာတွေလည်းဖြစ်နိုင်တယ်။ ဆရာတို့ စိတ်မကောင်းပါဘူး"


ကိုကိုနှင့်ဝေးကွာခဲ့ရသော နှစ်ကာလတွေဟာ မနည်းခဲ့။ ပြန်တွေ့ရပါစေဆိုတဲ့ ဆုတွေကို နေ့တိုင်းမပျက်တောင်းခဲ့ရသည်ကလည်း အကြိမ်မနည်း။ တွေ့ဆုံခွင့်ရခဲ့ပြန်တော့ ခဏတာ။ ကံကြမ္မာဟာ မျက်နှာသာမပေးခဲ့ပြန်တော့ အကြောင်းတရားတွေက မလှပခဲ့။ တဖြည်းဖြည်းဝေးကွာသွားရပြန်ပြီလို့ တွေးလိုက်မိတိုင်း ရင်ထဲကဝေဒနာတွေဟာ သမုဒ္ဒရာကြီး ၇ဆင်းထက် ပို၍ပင်ကျယ်ပြောလာနေသည်။



"ဘယ်အချိန်မှ မှတ်ညာဏ်တွေအပြည့်ပြန်ရနိုင်မှာလဲ ဆရာ"


"ဒါကတော့ သူ့အာရုံကိုနှုံဆော်ပေးနိုင်မယ့်အရာပေါ်ပဲ‌မူတည်တယ်။ ဒါပေမယ့် အပြင်ပိုင်းအခြေအနေတွေအားလုံးကတော့ စိတ်ချရပါပြီ။ ပျောက်နေတဲ့မှတ်ညာဏ်တွေကိုပြန်ရဖို့ဆိုရင်တော့ လူနာကို တအားဖိအားများ‌စေမယ့်အလုပ်တွေမလုပ်မိပါစေနဲ့"


"ဟုတ်ကဲ့ပါ ဆရာ"


အခန်းထဲအတူလိုက်ဝင်ဖို့ရန် အားအင်တွေရှိမနေတော့ပါ။ မရဲတရဲအကြည့်တွေဖြင့် အခန်းထဲချောင်းကြည့်လိုက်တော့ ဝှီးချဲပေါ်မှာရှိနေတဲ့ ကိုကိုဟာ ပြတင်းပေါက်မှန်ချကာ နေမင်းကြီးရဲ့အိမ်အပြန်လမ်းကို တငေးတမော ခံစားနေလေရဲ့။ လေညှင်းလေးဟာလည်း ကိုကို့ရဲ့ဆံနွယ်ပါးပါးတို့ကို လာရောက်ထိတွေ့ကစားနေသေးသည်။ လိုက်ကာတစ်ချက်လွင့်တိုင်း မှန်ထဲကလာဟပ်သည့် နေစူးစူးကို လက်ကလေးမြှောက်ကာ ကွယ်နေသေးသည့်ကိုကိုဟာ မှော်ဝင်ပန်းချီကားတစ်ချပ်လို။ ပတ်ဝန်းကျင်အလှတရားတွေနဲ့ အပြိုင်လှနေသည့် ကိုကို့အတွက် အကျည်းတန်ခြင်းဆိုတာ မထိုက်တန်ပါ။ ကိုကို့ရဲ့ဘဝ အကျည်းမတန်ဖို့ဆို သူရှိမနေခြင်းကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေမည်ဖြစ်မလား။


Nothing's Gonna Stop Us Now Where stories live. Discover now