အပိုင်း(၁၈) ~ နောက်တစ်ကြိမ် လူသတ်မှု

211 14 2
                                    

"ရှယ်ယာအစည်းအဝေးကအဆင်ပြေပြေနဲ့ ပြီးသွားပါတယ် ဥက္ကဌကင်မ်။ မစ္စလီကအပြည့်အဝယုံကြည်နေတာတော့မဟုတ်ပါဘူးတဲ့။ မစ္စတာဟန်အသက်ရှိစဉ်တုန်းက မစ္စဟန်ရဲ့အကြောင်းတွေကို သိနေတာမို့ရပ်တည်သင့်တယ်ထင်တဲ့ဘက်မှာ ရပ်တည်လိုက်တာပါတဲ့"

မစ္စလီဆိုသူမှာ ဟန်လုပ်ငန်းစု၏ အကြီးမားဆုံးသောရှဲယာဝင်တစ်ယောက်။ လန်ဒန်မှာသာအနေများပြီး သူမ၏ရုပ်အမှန်ကို မစ္စတာဟန်နှင့် ရှေနေ့ချွဲကလွဲ သိသူမရှိပေ။ မွေးရပ်မြေကိုသူမပြန်လာသည့်အချိန်တွင် အမှုဖြစ်သွားသည့်အချိန်နှင့် တိုက်ဆိုင်လို့သွားသည်။ သည့်မတိုင်ခင် မစ္စတာဟန်နှင့် တစ်ခေါက်ဆုံလိုက်မိသည်မို့ အခြေအနေတွေကို သူသိနှင့်၍နေသည်။ သို့ပေသည့် အမှုအရာနှင့်ပတ်သက်၍တော့ သူမစိတ်ထဲ အပြည့်အဝဘဝင်မကျခဲ့ပေ။ ပိုင်ဆိုင်မှုကိုမြင်ပြီး ပြောင်းလဲတတ်သည့်လူ့သဘာဝကို နားလည်သလို ဂျီအွန်းရဲ့မျက်ဝန်းအကြည့်တွေကိုလည်း ကြားနားမှုတရားခွင်တစ်လျှောက် အကဲဖြတ်၍ရှိနေခဲ့သည်။

ကြိုးတန်းပေါ်လမ်းလျှောက်နေသည့် သူမရဲ့ဆုံးဖြတ်ချက်တွေကို ရှေ့နေချွဲကသူ့ဘက်သို့ ဆွဲချယူနိုင်ခဲ့သည်။


~ရှေ့နေချွဲ ကျွန်တော့်ကို ယုံကြည်လေးစားသလို ဂျီအွန်းကိုတော့ ကျွန်တော့်ထက် ပိုသာ၍ ယုံကြည်လေးစားပေးရမယ်~


ဆိုတဲ့ ရှေ့နေ့ချွဲ၏ လူတွေ့ပြောစကားကြောင့် မစ္စလီလမ်းတစ်ခုကိုရွေးချယ်လိုက်တော့သည်။ ငယ်သူငယ်ချင်းလည်းဖြစ် စီးပွားရေးအကျိုးတူလုပ်ဖော်ကိုင်ဖက်လည်းဖြစ်နေသည့် မစ္စလီမှာ မစ္စတာဆောင်း၏ သွေးထိုးမှုနှင့် မစ္စဟန်၏ ဥက္ကဌပြန်လည်ရွေးချယ်ပွဲပြုလုပ်သည့် အစည်းအဝေးမှာ ပထမဆုံးသော ဂျီအွန်းဘက်မှထောက်ခံသူအနေအဖြစ်ရပ်တည်လိုက်သည်မို့ ကျန် BOD များမှာ ခေါင်းရှုပ်သွားသော်ငြား မစ္စလီအတိုင်းထောက်ခံမဲလိုက်ပေးတော့သည်။ ရုပ်လုံးပါထွက်ပြလာသော မစ္စလီ၏ရပ်တည်ချက်မှာ ဂျီအွန်းအတွက် အပြတ်အသတ် အသာစီးရသွားခဲ့သည်။


"ဒါဆို ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းက အဆင်ပြေသွားပြီ!"


Nothing's Gonna Stop Us Now Where stories live. Discover now