အပိုင်း(၂၇) ~ အမှန်တရားအတွက် ခံနိုင်ရည်

124 15 0
                                    

"သုံးရက်စာချက်ပြီးရေခဲသေတ္တာထဲမှာ ထည့်ပေးထားတယ် စားခါနီးနွှေးပြီးစားလိုက်နော်"

မသိနားမလည်တဲ့မျက်ဝန်းများနှင့်မော့ကြည့်လာတော့ ဂယူဘင်းမှာ သံယောဇဉ်တွေတိုးလို့လာချည်ပြန်သည်။

"ဘာလို့လဲ"

နောက်ဆုံးတော့ စားသောက်နေရင်းစကားပြန်ပြောလို့လာတဲ့ ဟန်ယူဂျင်းကို စိုက်ကြည့်နေမိသည်။

"Company ကပို့တဲ့ trip သွားမလို့လေ! ဒါပေမယ့် trip သီးသန့်တော့မဟုတ်ပါဘူး"

"အွန်း"

ဘာကြောင့်ရယ်မှန်းမသိ ပျက်ယွင်းသွားတဲ့မျက်နှာအနေအထားဟာ တစ်ခုခုကိုအလိုမကျဖြစ်သွားသည်လို့ ဂယူဘင်းသတိထားမိလိုက်သည်။ တွေးရင်ပင် ယူဂျင်းမှာ စားလက်စကိုလက်စသတ်ပြီး ထမင်းဝိုင်းမှ ထထွက်သွားသည်။

"ပြီးသွားပြီလား"

"အွန်း"

သူချက်ကျွေးတာကို ကုန်အောင်စားနေကြ ကလေးငယ်ဟာ ဘာလို့များ ဒီလိုဖြစ်သွားရတာလဲ။ သူ့လက်ရာတွေပဲ ပြောင်းလဲသွားလို့များလည်းဆိုပြီး ဟိုဟင်းခပ်စား သည်ဟင်းခပ်စားနှင့် ဟင်းအစုံလိုက်စားမိပြန်တော့ မပြောင်းလဲ။

အမြဲတမ်းအလိုမကျနေခဲ့တာ ဒီလိုမျိုးကလည်း ဖြစ်တတ်တာမို့ ဂယူဘင်းမှာ ကို့ကိုယ်ကိုအထင်ကြီးလာမိတာကို‌လျှော့ဖို့ ပြန်သတိပေးချေရသည်။

မနက်ခင်းနေရောင်ခြည်ဟာထွက်ပေါ်မလာသေးပေမယ့် ဂယူဘင်းမှာ ခရီးထွက်ဖို့ရန် အဆင်သင့်ဖြစ်၍ပင်နေသည်။ စုရပ်နေရာ company ကိုသွားဖို့ရန် အထုပ်အပိုးတွေကို ကားပေါ်တင်ပြီး မောင်းသူနေရာဝင်ထိုင်လိုက်တော့ ဘေးဘက်ကားတံခါးဟာပွင့်၍လာသည်။

"နောက်ခန်းတံခါး ဖွင့်ပေးဦး"

"ဘာလုပ်ဖို့လဲ"

"ဖွင့်မှာသာ ဖွင့်ပါ"

စိတ်မရှည်စွာဖြင့်ပြောလာသည်မို့ ဂယူဘင်းမှာ ယောင်ယောင်နနဖြင့် နောက်ခန်းလော့ခ်ကိုဖွင့်ပေးလိုက်တော့ ဟန်ယူဂျင်း အထုပ်အပိုးတွေကို ပစ်ထည့်ချေလေသည်။ ပြီးနောက် သူ့ဘေးကိုဝင်ထိုင်လာသည်မို့ ဂယူဘင်းမှာ မျက်ဝန်းများ ပြူးကျယ်လာရသည်။

Nothing's Gonna Stop Us Now Where stories live. Discover now