အပိုင်း(၇) ~ ချစ်တယ်

373 29 1
                                    

နွေးထွေးတဲ့နှုတ်ခမ်းဖူးလေးနှင့် နူးညံ့စွာပွတ်တိုက်နေမှုဟာ ဟန်ဘင်းရင်ထဲနွေးခနဲဖြစ်သွားစေတာကြောင့် မျက်လုံးများအား အသာမှိတ်ထားလိုက်သည်။ သံစဉ်ညီတဲ့ရင်ခုန်သံတွေ‌ကြောင့် ဒီအနမ်းတစ်ပွင့်ဟာ ဟန်ဘင်းအတွက် မှော်ဝင်နေတဲ့ပန်းချီကားတစ်ချပ်လို။ဟန်ဘင်း၏လည်တိုင်ကလေ ပင့်တက်လာတဲ့ ဂျီအွန်းရဲ့လက်ချောင်းလေးတွေက ပါးအိအိလေးတွေကို အသာဖိပွတ်တိုက်စားရင်း စက္ကန့်ပိုင်းအကြာနောက် လစ်ဟာသွားတဲ့အထိအတွေ့

"ချစ်တယ် Binnie!"

ပြတ်သားလှတဲ့ အကြင်နာစကားတစ်ခွန်းနှင့် ဂျီအွန်း၏ နူးညံ့စွာပွေ့ဖတ်မှုကြောင့် ဟန်ဘင်း အလွမ်းတွေကိုတစ်ခုချင်းလွှတ်ချလိုက်သည်။ မို့မောက်ပြီး တင့်တယ်လှပါတဲ့ ဂျီအွန်းရဲ့ ရင်ခွင်ကျယ်ထဲ အလိုက်သင့်လေးအမှီပြုကာ ပြန်လည်ထွေ့ပွေ့ထားလိုက်သည်။

☁︎✩☽☀︎

☽ မတည်ခဲ့ကတိတွေအစား
နူးညံ့စွာ နမ်းရှိုက်ပေးမယ်
ပြောချင်နေတဲ့စကားလုံးတွေအစား
နွေးထွေးစွာ ပွေ့ဖတ်ပေးမယ်
စောင့်စားခိုင်းမိခဲ့တဲ့အချိန်တွေအစား
ချစ်တယ်ဆိုတဲ့စကားလုံးကို
ကုဋေကုဋာမက ရေရွတ်ပေးမယ်
...
ကိုကို့စိတ်ကို ငယ်နားလည်အောင်

☁︎ ကိုကို့ရဲ့ပွေ့ဖတ်မှုအစား
အလွမ်းတွေကို ထွေးပိုက်ခဲ့ရတဲ့သူမို့
ဒီတစ်ခါတော့ မလွှတ်တမ်းပွေ့ဖတ်ထားပါရစေ
တမ်းတမ်းတတ လွမ်းမောခဲ့ရသူမို့ ☁︎

☁︎✩☽☀︎

"Binnie အတန်းတက်ရမှာလား"

"ဒီနေ့မှ ‌ကျောင်းအပ်ပြီး ဒုတိယအချိန်စ join ရမှာနော် ကိုကို"

ဂျီအွန်း၏ဆိုလိုမှုကို ဟန်ဘင်းကောင်းကောင်းနားလည်သည်မို့ နှုတ်ခမ်းဆူကာ မဖြစ်သင့်ဟန်ဖြင့် အသိပေးလိုက်သည်။

"အွန်းးးး? အဲ့တာဆို အတန်းပြီးမယ့်ချိန် ကိုကိုလာခေါ်မယ်"

"ကောင်းပါပြီ ကိုကို"

"ဒါနဲ့ ကိုကို့ကို မေးခွန်းတွေ မထုတ်ပြန်ဖူးလား"

Nothing's Gonna Stop Us Now Where stories live. Discover now