"လုံလောက်ရဲ့လား!!"
နှုတ်ခမ်းထောင့်မှသွေးစွန်းစတွေကို သုတ်ပစ်လိုက်ပြီး တိုပြတ်သော စကားတို့မှာ လေသံပြင်းထန်နေခဲ့သည်။ ဂယူဘင်း၏ စူးစူးရဲရဲအကြည့်တွေဟာ ယူဂျင်းရင်ကို အစိမ်းလိုက်ခွဲလိုက်သည့်နှယ်။ သူ့အပေါ်အနူးညံ့ဆုံးထွေးပွေ့ပေးနိုင်မယ်လို့ ခံယူထားသည့်နေရာရပ်ဝန်းဟာ ပြိုလဲပျက်ဆီးသွားသလို။
စိုနင့်လာတဲ့ခံစားချက်တွေနဲ့အတူ အမုန်းတွေဟာထပ်ပြီးဆင့်ကဲလာတာကြောင့် နောက်တစ်ကြိမ်လက်ကို လေပေါ်မြှောက်တင်လိုက်မိသည်။
"ယူဂျင်းနား!! အစ်ကိုတောင်းပန်ပါတယ်!"
ဟန်ဘင်းရဲ့ ဒူးဟာ ကြမ်းပြင်နှင့်ကပ်လျှက်!
"အစ်ကိုဟန်ဘင်း!!"
"အစ်ကိုက ဘာလို့တောင်းပန်နေရတာလဲ! အစ်ကိုအပြစ်ကျူးလွန်ထားတာမှမဟုတ်တာ!"
"ကျစ်! တောင်းပန်ရုံနဲ့အရာအားလုံးအဆင်ပြေသွားမယ်လို့ထင်နေကြတာလား"
"အစ်ကို! ကျွန်တော်ပြောနေတယ်လေ... ထတော့လို့"
"ခများမျက်လုံးထဲမှာ အဲ့တစ်ယောက်က တအားသနားစရာကောင်းနေတယ်လို့ထင်နေတာလား! နစ်နာသူက ကျွန်တော်ပါနော်!"
သူ့ရဲ့စကားတွေကို အဖတ်မလုပ်ဘဲ ဒူးထောက်ထားသည့်ဟန်ဘင်းကိုသာ လက်လှမ်းနေသည့် ဂယူဘင်းကို ယူဂျင်းမုန်းမိသည်။ ဝမ်းနည်းခြင်းတွေလည်း ဖြစ်ပေါ်၍လာသည်။
"နစ်နာသူက မင်းဆိုပေမယ့် ကျူးလွန်ထားတဲ့သူကလည်း အစ်ကိုဟန်ဘင်းလည်းမဟုတ်ဘူး။ ငါလည်းမဟုတ်ဘူး"
"ဒါပေမယ့် ခများအစ်ကိုလေ!"
"ဟန်ယူဂျင်း မင်း!"
"မပြောပါနဲ့တော့ ဘင်းလေး!"
"ဘာလို့လဲ! ဒီလိုလုပ်နေရင် အကုန်လုံးအနေရခက်မယ်ဆိုတာ အစ်ကိုတို့နှစ်ယောက်မသိကြဘူးလား"
ဟန်ဘင်းမှ မော့ကြည့်လာ၍ ခေါင်းခါပြသည်။ ဂယူဘင်းစိတ်တွေ ဝေဝါးလာရပြန်သည်။
YOU ARE READING
Nothing's Gonna Stop Us Now
Fanfictionလောကဒဏ်ကိုကြံ့ကြံ့ခံအံတုရင်း ကျွန်တော်တို့အချစ်ကိုဘယ်အရာမှတားဆီးလို့မရနိုင်ဘူး woongsungz & gyujin fanfiction Started Date - 31.05.2023