"ကိုကို....... ကိုကို"
အရေးပေါ်ဌာနတစ်ခုလုံး ဟန်ဘင်း၏အော်ရှိုက်သံကလွဲ တိတ်ဆိတ်၍နေသည်။ ကြားလိုက်ရတဲ့သတင်းတွေဟာ သူ့ရဲ့အထီးကျန်မှုဝေဒနာထက်ပို၍ပင်နာကျင်ရသည်။
"ဝင်လို့မရပါဘူး။ အပြင်မှာပဲစောင့်နေပေးပါ"
ဟန်ဘင်းရဲ့ခြေလှမ်းတွေကို ရှေ့မတိုးဖို့ရန် သူနာပြုဆရာမမှဆိုလာသည်။
"ကိုကို ကိုကို့ကိုကယ်ပေးပါနော် ဆရာမ။ ကိုကိုဘာမှဖြစ်လို့မရဘူး"
"နားလည်တာမို့ အပြင်မှာပဲစောင့်ပေးပါ"
သွေးအေးအေးနှင့် တုန်လှုပ်နေသည့် ဂယူဘင်းကို ဆရာမမှလှမ်း၍ကြည့်လာသည်။ အသိစိတ်ကပ်စွာဖြင့် ရှေ့တိုးရန်ကြိုးစားနေသည့် ဟန်ဘင်းပခုံးကို အနောက်မှဆွဲသိမ်းလိုက်ကာ ရင်ခွင်ထဲမှီခိုစေလိုက်သည်။ ဟန်ဘင်းကို ဂယူဘင်းထိန်းလိုက်နိုင်သည်မို့ ဆရာမလေးသည်လည်း ခွဲခန်းထဲသို့ အပြေးလေးဝင်သွားတော့သည်။
ခွဲခန်းတံခါးသည် ပိတ်သွားခဲ့ပြီ။ ဂျီအွန်း၏ သွေးတွေသည် Corridor တစ်လျှောက် စွန်းထင်၍ကျန်ခဲ့သည်။
"ကိုကြီးအဆင်ပြေမှာပါ အစ်ကိုဟန်ဘင်း"
"ဘင်းလေး...... ကိုကိုသာ တစ်ခုခုဖြစ်!"
"ကိုကြီး ဘာမှမဖြစ်ဘူး! အစ်ကိုလည်း ဘာမှဖြစ်လို့မရဘူး! အဲ့တာကြောင့် ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး........."
မျက်ရည်တွေလည်ကာမော့ကြည့်လာတဲ့ ဟန်ဘင်းကို ငိုခွင့်ပြုရန် ရင်ခွင်ကိုဖွင့်ဟပေးလိုက်သည်။ ပျော့ခွေကျတော့မည့်ခန္ဓာကိုယ်ကို အားပြုရပ်တည်းရင်း မျက်စိစုံမှိတ်ချလိုက်ကာပြန်လည်ထွေးပွေ့ဖတ်ထား၍ ဟန်ဘင်း အားရပါးရ ငိုချလိုက်တော့သည်။
ကျောပြင်ကိုပွတ်သပ်ပေးကာ အားပေးနေရသည့် ဂယူဘင်း သူကိုယ်တိုင်ကလည်း ဆောက်တည်ရာမဲ့နေပါသည်။ ပူနွေးသောရေစီးချောင်း၏ မျက်ခမ်းထောင့်ကထွက်ကျလာမှုကို ပင့်ရှိုက်ရင်း မယိမ်းယိုင်အောင် ဟန်ဆောင်ထားရသည်မှာ ပင်းပန်လွန်းလှပါသည်။ သို့ပေသည့် သူပြိုလဲသွားလို့ပင်မဖြစ်သေး။ လည်ပတ်နေသေးသော သံသရာစက်ဝန်းကြီးထဲမှာ ဒီအစ်ကိုနှစ်ယောက်ကို ပွေ့ဖတ်ထားပေးရဦးမည်။ နွေးထွေးမှုပေးရဦးမည်။ အပြုံးတွေပြန်လည်ရှင်သန်လာအောင်လည်း ဖန်တီးပေးရဦးမည်။ မပြီးပြတ်သေးသော အမှန်တရားတွေအတွက်လည်း သူအသက်ရှင်နေရပါဦးမည်။
YOU ARE READING
Nothing's Gonna Stop Us Now
Fanfictionလောကဒဏ်ကိုကြံ့ကြံ့ခံအံတုရင်း ကျွန်တော်တို့အချစ်ကိုဘယ်အရာမှတားဆီးလို့မရနိုင်ဘူး woongsungz & gyujin fanfiction Started Date - 31.05.2023