အပိုင်း(၁၀) ~ လွတ်မြောက်ခွင့်

308 28 0
                                    

*တီတီ တီတီ တီတီ*

"ကိုကို ကျွန်တော့်ကိုလာခေါ်လို့ရမလား ခုံအစုတ်တွေ ခေါင်မိုးထပ်မှာလာသိမ်းတာ တံခါးကို ဦးလေးကြီးက ပိတ်သွားလို့ အခု ခေါင်မိုးထပ်မှာပိတ်မိနေတယ် ဟယ်လို ကိုကို ဟယ်လို!"

ဖုန်းလိုင်းပြတ်တောက်သွားသည်။

ယူဂျင်း ဖုန်းကို စက်ပိတ်ကာ လွယ်အိတ်ထဲထည့်ထားလိုက်သည်။

"ရော့! ကျွန်တော့်ကို တံခါးပိတ်ပြီးထားခဲ့လို့ရပြီ။ သူရောက်ပြီဆိုတာနဲ့ အောက်ကတံခါးကိုပိတ်လိုက်လို့ရပြီ။အဆောက်အဦးဘက်က ဘာအသံပဲကြားကြား လာမဖွင့်ပေးနဲ့ ။ မန‌က်ရောက်မှ ပုံမှန်လို တံခါးလာဖွင့် ဟုတ်ပြီလား"

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ"

ယူဂျင်း ကျောင်းစောင့်ဦးလေးကြီးကို ပိုက်ဆံပေးလိုက်သည်။

"ဟန်ယူဂျင်း! ယူဂျင်းနီး ယူဂျင်းနီး အဲ့မှာရှိလား"

တံခါးကို အပြင်ဘက်ကထုရိုက်သံကြားသည်နှင့် ယူဂျင်းထလိုက်သည်။

"ကိုကို?! ကျွန်တော် ဒီမှာရှိတယ်"

ယူဂျင်း ကိုကိုလာခေါ်ပြီထင်မှတ်ထား၍ သူမျှော်မှန်းထားသလို ကိုကိုနှင့် နှစ်ယောက်အတူတူကုန်ဆုံးရမည့်အချိန်တွေကို ရည်ရွတ်ရင်း နှုတ်ခမ်းထောင့်လေးတွန့်တတ်သွားသည်ထိ ပြုံးလိုက်မိသည်။

"ယူဂျင်းနီး တံခါးနောက်မှာ ရပ်မနေနဲ့! အနောက်ဆုတ်နေ!"

"ဟုတ် ကိုကို"

ယူဂျင်း တံခါးနဲ့ခပ်ကွာကွာမှာ ရပ်နေလိုက်သည်။ ပွင့်လာမည့်တံခါးနောက်က ကိုကို့မျက်နှာကို ပုံဖော်ရင်း.......

*ဒုန်း*

"ဟန်ယူဂျင်း! ဘာဖြစ်သွားသေးလဲ! အဆင်ပြေရဲ့လား! အပြင်မှာ အေးနေမှာပေါ့"

သူ့အပေါ်ကုတ်ကို ချွတ်ပေးပြီး ယူဂျင်းကိုယ်ပေါ်ခြုံပေးနေသည့် ဂယူဘင်း!

"ဘယ်လိုဖြစ်ပြီး ခများ?"

"...................."

ကလေးရဲ့ ဖုန်းထဲကအဆိုကြောင့် အရင်ကထက် လျှင်မြန်သောခြေလှမ်းတွေနှင့် ပြေးလာခဲ့ရသည့် ဂယူဘင်း၏ မျက်နှာပေါ်ကချွေးစက်များ၊ စိုးရိမ်စိတ်တွေကြောင့် ဝဲတက်လာသော မျက်ရည်စများဟာ ခေါင်မိုးထပ်တွင်တိုက်ခတ်နေသော လေအေးတွေနှင့်အတူ အငွေ့ပျံပျောက်ကွယ်သွားသည်။

Nothing's Gonna Stop Us Now Where stories live. Discover now