အပိုင်း(၂၁) ~ လွမ်းမိပါသည်

167 19 1
                                    

နေ့လည်ထမင်းစားပြီးချိန် အိပ်ငိုက်နေကြသော ဆေးဝါးဖြန့်ဖြူးရေးဂိုဒေါင်ရှိ အလုပ်သမားများ၏ မျက်လုံးများကို play ခလုတ်ကိုနှိပ်လိုက်သည့်အတိုင်း ချက်ချင်းပင်လှုပ်ရှားမှုတွေ မြန်ဆန်လာစေသည်။


"ဥက္ကဌ! ဥက္ကဌကင်မ်လာနေတယ်တဲ့!"


"အမ်! ဘယ်? ဘယ်သူ"


"မနက်ကမှ ရုံးစတက်တဲ့ ကင်မ်ဂျီအွန်းဆိုတဲ့ ဥက္ကဌကင်မ်ဟေ.....မနက်ကရုံးရောက်ရောက်ချင်းပဲ HR Department ကို checking ဝင်ပြီး ငါတို့နဲ့ စောက်စကားများထားတဲ့ HR assistant ကိုအလုပ်ဖြုတ်လိုက်တယ်ဆိုတဲ့ ငါတို့ရဲ့ ဥက္ကဌအသစ်! မိုက်တာတော့ မိုက်တယ်နော် ဒီဥက္ကဌက!'


"အဲ့မိုက်တဲ့ ဥက္ကဌက ဒီလို စောက်စကားများနေပုံကို ကန့်လန့်ဖြစ်ပြီး အလုပ်ဖြုတ်ခံထိတဲ့နောက်တစ်ယောက်က မင်းဖြစ်သွားမယ်"


"ဟက် ဒီကောင်ကတော့!"


"ကဲကဲ လုပ်စရာရှိတဲ့ ကို့အလုပ်ကိုယ်ပဲ အာရုံစိုက်ထားကြ"



ခေါင်းဆောင်ရဲ့လှုံ့ဆော်သတိပေးလိုက်သံကြောင့် အသံများတိတ်ကာ အသီးသီးကိုယ့်အလုပ်လက်စ တာဝန်များကိုဆက်လုပ်နေကြသည်။

ထိုအချိန်မှာပင် တံခါးမကြီးတည့်တည့်မှ ဟန်ပါပါခြေလှမ်းတွေကြား ကျော့ကျော့မော့မော့ ဝင်ရောက်လာသည်က ကင်မ်ဂျီအွန်းပင်။ ဝတ်စားထားသည်မှာ အထက်တန်းဆန်လှသည့်ပုံစံမျိုးဖြင့် စတိုင်ကျနေသည်။ သေသပ်လှသည့် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် အနက်ရောင်လည်ကတိုင်မှာ ရှပ်အင်္ကျီအဖြူရောင်ပေါ်တွင် သပ်သပ်ရပ်ရပ်ကပ်လျှက်ရှိသည်။ ဘယ်ဘက်ရင်အုံအိတ်ကပ်တွင်ကား ဖြူဖွေးရှင်းသန့်သော အဝတ်စ၏ထောင့်စွန်းလေးသည် ပုံကျစွာထွက်ပေါ်နေလျှက်။ စီးထားသော leather ဖိနပ်၏ဒေါက်သံနှင့် ကြမ်းပြင်တို့ထိခတ်သံတို့မှာလည်း ခြေလှမ်းတိုင်းတွင် ပဲ့တင်ထပ်နေသည်။

ပိုပြီးထင်ပေါ်နေသည်ကား ကြည့်ကောင်းလှသော ကိုယ်လုံး‌ကိုယ်ပေါက်။ ဖုံးကွယ်ထားခြင်းမရှိသည့်လက်ခုံပေါ်က ထင်းထွက်နေသည်သွေးပြန်ကြောစိမ်းစိမ်းလေးတွေဟာ နှစ်ခါပြန်၍ကြည့်ချင်လောက်အောင်ပင်။ ရွှေနှင့်အနားသပ်ထားသော နာရီဒိုင်ခွက်ကလည်း လက်ရဲ့အလှတရားကို ကွန့်လို့နေပြန်သည်။

Nothing's Gonna Stop Us Now Where stories live. Discover now