အပိုင်း(၁၄) ~ အမုန်းဘယ်ကစ

309 21 0
                                    

"ဥက္ကဌဟန် ဆရာကြီးရဲ့တပည့် ဆောင်းဟန်ဘင်းလို့ပြောပါတယ်"



"ဟမ်! ဪ ဟိုကလေးထင်တယ် ဘာကိစ္စရှိလို့များ ရုံးအထိရောက်လာရတာလဲ? ဝင်ခိုင်းလိုက် ဝင်လာခိုင်းလိုက်"



"ဟုတ်ကဲ့ပါ ဥက္ကဌဟန်"



"ထိုင်သား"



"ဟုတ်ကဲ့ပါ အန်တီဟန်"



"သားဂျီအွန်းကိုလာတွေ့တာလား! ကော်ဖီလေးစီစဉ်ပေးပါဦး အတွင်းရေးမှူးဂျောင်"



"မလုပ်ပါနဲ့ ကျွန်တော် ဒီတိုင်း!"



ညှိုးကျသွား‌တဲ့ ဟန်ဘင်းမျက်နှာထားကြောင့် အဘယ်အကြောင်းမှန်းမသိသော်လည်း MRS.HAN မှာ အတွင်းရေးမှူးဂျောင်ကို လက်ကာပြကာ အခန်းထဲကထွက်သွားဖို့ရန် အချက်ပြလိုက်သည်။



"အန်တီနဲ့လာတွေ့ရတာဆိုတော့ ဘာကိစ္စ?!"



ဟန်ဘင်းထုတ်ပြလာသော စားပွဲပေါ်ရှေ့က ဓာတ်ပုံတစ်ပုံကြောင့် MES.HAN စကားတွေရပ်တန့်သွားသည်။




"ကျွန်တော် ဒီဓာတ်ပုံကိုထုတ်ပြရတာက မကောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ပါဘူး အန်တီ။ အန်တီတို့ရဲ့သာယာနေတဲ့ မိသားစုကို မကောင်းတဲ့ကျွန်တော်အဖေ့ကြောင့် အပျက်ဆီးမခံစေချင်လို့ပါ!"



"ဘာ?!"



"ဟုတ်ပါတယ် ဒီပုံထဲကအန်တီ့ကို!...... အန်တီ့ကို အကြင်နာပေးနေတဲ့တစ်ယောက်က ကျွန်တော့်အဖေပါ!"



"ခဏ! ခဏနေပါဦး! အဲ့ကိစ္စတွေ မောင် ငါ့ကိုဘာမှမပြောပြထားပါလား!"



"ကျွန်တော်!........ကျွန်တော် ဒီလိုမျိုးတောင်းပန်ပါတယ် အန်တီ!"



ကြမ်းပြင်ပေါ် ဒူထောက်ထိုင်ချလိုက်ပြီး လက်ဝါးနှစ်ဖက်ကို မီးထွက်အောင်ထိ ပွတ်ပြီးတောင်းပန်ရှစ်ခိုးနေတဲ့ ဟန်ဘင်းရဲ့အပြုအမူကြောင့် MRS.HAN ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရသည်။



"နေ.......နေပါဦး မင်းက ဘာအတွက်ကြောင့် ဒီလိုမျိုးတောင်းပန်နေရတာလဲ မင်းအဖေဆိုတာလည်း ငါအခုမှသိတယ်! ခဏ ခဏလေး သူကလေးအဖေဆိုတာ ငါ့အတွက်အရေးမကြီးပါဘူး ဒါပေမယ့် ဟန်ဘင်း! မင်းအမေကကော"



Nothing's Gonna Stop Us Now Where stories live. Discover now