အပိုင်း(၃၂) ~ ဘယ်အရာမှတားဆီးလို့မရနိုင်ပါဘူး

247 28 4
                                    

ငါးလခန့်ကြာသော်.....



ကားအဖြူတစ်စီးဟာ ကြီးမားကျယ်ဝန်းလှတဲ့ အဖြူရောင်ခြံဝန်းရှေ့ရပ်တန့်လို့သွားသည်။ သူ့အလာကိုမလိုလားတဲ့သူဆီရောက်လာပြန်တော့ ခြေလှမ်းတွေဟာ မဝံ့ရဲ။

သို့ပေသည့် စိမ်းစိုနေသော သစ်ပင်ကြီးများအလယ် ဖူးပွင့်နေတဲ့ရောင်စုံပန်းခင်းကြီးရဲ့အလှတရားတွေဟာ ယူဂျင်းရင်ကိုအေးမြစေသည်။ ပြေးလွှားဆော့ကစားနေတဲ့ ကလေးငယ်များရဲ့အသံဟာလည်း ခြံဝင်းကြီးရဲ့အဝင်လမ်းမထိ မြည်ခတ်လာသည်။ အထီးကျန်ခြင်းကို ကလေးတွေဟာမေ့နေလောက်သည်အထိ အပြစ်ကင်းစွာပြုံးပျော်နေကြပုံ။


သူ့လက်ထဲကမုန့်ထုပ်တွေကိုမြင်တော့ ကလေးငယ်တစ်ချို့ဟာအပြေးလေးလာယူကြသည်။


"တအားမဆော့ကြနဲ့ဦးနော်"



"ဟုတ်ကဲ့ပါရှင့်"
"ဟုတ်ကဲ့ပါဗျ"



ခါးကိုကိုင်း၍ ကလေးငယ်မလေးတစ်ယောက်ရဲ့ ဆံပင်လေးကိုဖွဖွလေးခါရမ်းလိုက်တော့ ထိုကလေးကပါးလေးကိုနမ်းလာ၏။ သဘောကျစွာပြုံးလိုက်မိတော့ မေတ္တာတွေဟာနှလုံးသားထိ လှိုက်လှိုက်လှဲလှဲ။



"ကိုကိုရော"



"ဒီနေ့တော့ မုန့်တွေဝယ်လာလို့ ကိုကိုလို့ခေါ်ခွင့်ပေးလိုက်မယ် ဟွန့်!"



"အရင်နေ့တွေတုန်းကကော"



"အင်းးး.....အရင်နေ့တွေကလည်း မုန့်တွေပါလာတယ်ဆိုပေမယ့် ကိုကိုက ဒီကဦးဦးကိုစိတ်ဆိုးနေလို့ ခေါ်ခွင့်ပေးတာ"



ကလေးမလေးမှာ အရွယ်နဲ့မမျှ ချစ်ဖို့ကောင်းအောင်ပြောတတ်နေသည်။ ကလေးနဲ့အပြိုင် လူတစ်ယောက်ကိုပြိုင်လုဖို့တော့ ယူဂျင်းရည်ရွယ်ချက်မရှိပါ။



"အနောက်ဘက်ကခြံထဲဝင်သွားတယ်"



"ဟုတ်ပါပြီ ကျေးဇူးပါပဲဗျ"



ထွက်သွားတော့မည်ကြံတော့ ကလေးမလေးက အင်္ကျီစကိုကိုင်ဆွဲလို့လာသည်။



"ကိုကို့ကို စိတ်တိုအောင်ထပ်မလုပ်နဲ့နော်.....ကိုကိုကစိတ်တိုနေရင်ကြောက်ဖို့ကောင်းတယ်"


Nothing's Gonna Stop Us Now Where stories live. Discover now