အပိုင်း(၁) ~ ကိုကို့ရဲ့မျက်ဝန်းအစုံဟာ ကျွန်တော့်ရဲ့ နိဗ္ဗာန်ဘုံ-၁

979 38 1
                                    

လူသူကင်းတဲ့ လက်မကြီးအလယ် အကြွင်းအစကျန်ရစ်နေတဲ့ မိုးစက်လေးတွေအောက် တစ်ကိုယ်လုံး မိုး‌ရေရွှဲနစ်နေတဲ့ ကျွန်တော် အရာအားလုံးကို ကျောခိုင်းပြီး ဒီလောကကြီးကနေ ပျောက်ကွယ်သွားချင်တယ်လို့ပြောလိုက်ရင် ကိုးနှစ်အရွယ် ဒီကောင်လေးကို လောကကြီးက ဘယ်လိုတွေမျာ လက်ညိုးထိုးပြောနေကြလိမ့်မလဲ။သည်းကြီးမည်းကြီး ရွာသွန်းနေတဲ့ မိုးမည်းကြီးသာပျောက်ကွယ်သွားတယ် ကျွန်တော့်ရဲ့ ပါးပြင်ထက်က မျက်ရည်‌စက်တွေကတော့ အခုထိတောင် လွင့်ပယ်မပျောက်သွားသေးဘူး။

"ငါ့ဘာသာ မိန်းမတကာနဲ့ ဟိုတယ်သွားအိပ်ရုံမကလို့ ဘာတွေပဲလုပ်နေလုပ်နေ မင်းလိုမိန်းမမျိုးက ငါ့ကိုပိတ်ပင်ပိုင်ခွင့်မရှိဘူး။ငါ့မိဘတွေရဲ့ စည်းစိမ်တွေနဲ့ လောင်းကစားလုပ်ပြီး သုံးဖြုန်းနေတဲ့ မိန်းမကများ!?"

"ရှင့်မိဘတွေရဲ့ စည်းစိမ်တွေလို့ပြောရဲတဲ့ ရှင့်ပါးစပ်ကို ရော့ အဲ့မယ်!... အဲ့ပိုက်ဆံတွေထိုးထည့်ပြီးသာ သတ်သေလိုက်။ ရှင့်နောက်မိန်းမတွေကိုပါ အဲ့ပိုက်ဆံတွေနဲ့ ဖိသတ်လို့ရတယ်ဆိုတာ နားလည်လား။ဘယ့်နှယ် သူကိုယ်တိုင်လည်း ကုမ္ပဏီကိုဖြစ်မြောက်အောင် မလုပ်နိုင် ပိုက်ဆံလည်းမရှာနိုင်ဘဲ ငါ့အိတ်ထဲကပိုက်ဆံတွေနဲ့ စားသောက်နေတဲ့ အကောင်ကများ ပြောရဲတယ် အံ့‌ဪပဟယ် အံ့ဪပ"

ပေငါးရာပတ်လည်ဝန်းကြီး အလယ်တည်‌နေတဲ့အိမ်တော်ကြီးထဲမှာ ဆူညံဆဲဆိုသံတွေကတော့ ပုံမှန်ညတွေလိုပဲ ထိုးထွက်လာပါတယ်။လော့ခတ်ကာရံထားတဲ့ အိပ်ခန်းထဲကနေတောင် ကလေးငယ်တစ်ယောက်ကြားဖို့မဝံ့ရဲတဲ့စကားလုံးတွေက တိုးဝင်လာစမြဲပါ...

ရန်ဖြစ်ဆဲဆိုနေကြတဲ့ အဖေနဲ့ အမေ၊ သူတို့ရဲ့အသံတွေမကြားမိအောင် နားပိတ်ထားပေမယ့်လည်း ဝင်ရောက်လာတဲ့ ထိုအသံတွေ၊ ကျွန်တော် အရမ်းမုန်းတယ်။ ကျွန်တော့်ကိုပိုက်ဆံတွေပဲပေးနိုင်ပြီး မေတ္တာတွေမပေးကြတဲ့ အဖေနဲ့ အမေကိုလည်း ကျွန်တော်မုန်းတယ်။ ညတိုင်း အခန်းထဲမှာတစ်ယောက်တည်းငိုကြွေးနေမိတဲ့ ကျွန်တော့်ကို ကျွန်တော်လည်းမုန်းတယ်။ ကျွန်တော့်ရဲ့ ငိုသံတွေကိုမကြားတဲ့ လောကကြီးကိုလည်းမုန်းတယ်။မုန်းတယ် မုန်းတယ် အရာအားလုံးကိုမုန်းတယ်။

Nothing's Gonna Stop Us Now Where stories live. Discover now