အပိုင်း(၃) ~ ကလေးဟာ ကို့ရဲ့အချစ်ဦး

458 30 3
                                    

"ဟုတ်ကဲ့ ဘာများဖြစ်လို့ပါလဲမသိဘူး"

အိမ်ထဲသို့ရောက်နေပြီဖြစ်သော ရဲဝန်ထမ်းများနှင့် လက်ထဲတွင် ကိုယ်စီ ပုံးတွေကိုင်ဆောင်ထားကြသော လူများကို အူလည်လည်ဝေ့ကြည့်ရင်း ဟန်ဘင်း မေးလိုက်သည်။

"Sunshine Company ရဲ့ ရှယ်ယာအလွဲသုံးစားလုပ်မှု၊လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးလိမ်လည်မှု ဆွဲချက်တွေနဲ့အတူ MR.Sung ကို လာရောက်ဖမ်းဆီးတာပါ။ နောက်ပြီး ပိုင်ဆိုင်သမျှပစ္စည်းတွေကိုလည်း ချိတ်ပွင့်ခွင့်ကျလာပါတယ်။"

"ဗျာ!?"

မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်လာသော အရာအားလုံးကို မယုံကြည်နိုင်ပေမယ့် ဟန်ဘင်းမျက်စိရှေ့ ရဲအရာရှိကိုင်ဆောင်ထားသော လက်ထဲကစာရွက် နှင့်အတူ ဖုန်းဖွင့်ကြည့်လိုက်စဉ် social media ပေါ်ပလူပျံနေသော MR.Sungအား အလွဲသုံးစားမှုပုဒ်မမျိုးစုံနှင့် လိုက်လံရှာ‌ဖွေ ဖမ်းဆီးသည့် သတင်းများ

"MR.Sung ဆက်သွယ်လာခဲ့ရင် ဒီကညီလေးအနေနဲ့ကျွန်တော်တို့ဆီအကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။ နောက်ပြီး ဒီအိမ်ကို ချိတ်ပိတ်ထားမှာဖြစ်တဲ့အတွက် အခုချက်ချင်းပဲ အိမ်ကနေ ဖယ်ပေးစေလိုပါတယ်။"

"အခုချက်ချင်း!?"

မနေချင်လှသော ဒီအိမ်ကြီးမှာ နေချင်စိတ်မရှိနေကာမူ ရုတ်တရက်ဆိုသည့်အတွက် ဟန်ဘင်းတစ်ယောက်ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ သို့ပေသည့် ရုတ်တရက်ဆန်သော အချိန်မတိုင်ခင် ချထားသော planning တွေရှိနေပြီဖြစ်သည့်အတွက် ကြောင်အမ်း‌နေမှုကို ရပ်တန့်လိုက်ကာ ဟိုရှာသည်ရှာနှင့် လိုချင်ရာတွေ ပုံးထဲကောက်ထည့်နေပြီး အလုပ်ရှုပ်နေကြသောဝန်ထမ်းများကို ဝေ့ကာပတ်ကာ ပြုံးဖြီးပြရင်း ဟန်ဘင်းသည် laptop ကိုလွယ်အိတ်ထဲကောက်ထည့်ပြီးပြတင်းပေါက်အပြင်ဘက်ကို မသိမသာပစ်ချလိုက်သည်။ ရဲအရာရှိများနှင့် ဝန်ထမ်းများကို ခေါင်းတညိမ့်ညိမ့် နှင့် အပြုံးမပျက်ပြုံးဖြီးပြကာ စကားရောဖောရော နှုတ်ဆက်ပြီး လှည့်ထွက်လာသည်။ ခြံထဲပစ်ချထားသော ကျောပိုးအိတ်ကို အလစ်ကောက်ယူလာပြီး ဟန်ဘင်းတစ်ယောက် ပြေးထွက်လာသည်။

Nothing's Gonna Stop Us Now Where stories live. Discover now