အပိုင်း(၂၆) ~ သဝန်တိုခြင်း

139 14 0
                                    

"ဘင်းလေး ကားပါမလာဘူးလား"

ကားမှန်ချကာ ပြောလာသည်ကြောင့် မျက်နှာမြင်အောင် ငုံ့ကြည့်လိုက်သည်။


"ဟုတ်တယ် အစ်ကိုဟန်ဘင်း service အပ်ထားလို့"


"ဒါဆိုတက်လေ အစ်ကိုလိုက်ပို့ပေးမယ်"


ဟန်ဘင်းမှ ‌မောင်းသူဘေးထိုင်ခုံကိုညွှန်ကာ ကားတံခါးပွင့်စေလိုက်သည်မို့ တက်ရန်ဟန်အပြင် အနောက်မှ အဆက်မပြတ်တီးနေသော ကားဟွန်းသံကြောင့် လန့်သွားရသည်။ မည်းပြောင်နေသောကားထဲက လူကို မျက်ခုံးနှစ်ဖက်စုကျုံ့ကာစူးစိုက်ကြည့်လိုက်သည်။ ဒေါသငွေ့တွေထွက်နေသည့်ပုံထင်ရတဲ့ ဟန်ယူဂျင်းဟာ သူ့ကိုမျက်‌တာင်မခတ် စိုက်ကြည့်၍နေသည်။ ကားတံခါးဖွင့်ရန်လှမ်းနေသော လက်တွေမှာရပ်တန့်နေသည်မို့ စိတ်မရှည်စွာဖြင့် အဆက်မပြတ် ကားဟွန်းတီး၍နေနေသည်ဟုထင်ကာ ခပ်မြန်မြန်ပင် ကားပေါ်ဝင်ထိုင်လိုက်သည်။

ကားပေါ်ရောက်ရောက်ချင်း အနောက်ကိုလှည့်ကာ မောင်းသူနေရာမှာရှိနေတဲ့ ဟန်ယူဂျင်းကိုကြည့်လိုက်မိသည်။ စတီယာတိုင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်လို့ထင်ရလောက်အောင် ထင်းထွက်နေသောမေးရိုးသည် ဒေါသတွေကို ချုပ်တည်းထားသည့်နှယ်။ မြင်နေရသည့်ပုံရိပ်ကိုမသိပြုကာ ခါးပတ်တပ်လိုက်၍ ခါးကိုရှေ့ပြန်မတ်လိုက်သည်။

သို့ပေမယ့် အနောက်ကကပ်ပါလာသော ကားမှာ အစ်ကိုဟန်ဘင်း၏ မောင်းသည့်အရှိန်အတိုင်း တပ်ကြပ်မကွာလိုက်ပါနေသည်။ အရှိန်မြှင့်၍ကျော်တက်လို့ရပါသော်လည်း မတက်။ ဘေးနားက အစ်ကိုဟန်ဘင်းကတော့ ဘယ်သူ့ကားမှန်းသတိထားမိပုံမရ။ ရုံးနားမှ နှစ်ကွေ့လောက်ကျော်လွန်လာပြီးတော့ အနောက်ကကားမှာ ဟွန်းဆက်တိုက်တီးကာ ဘေးမှအရှိန်ဖြင့်ကျော်တက်သွားသည်။ သို့ပေသည့် သူတို့ကားရှေ့ဝိုက်ချလာမည်ကိုတော့ မျှော်လင့်မထားမိသည်မို့ ဂယူဘင်းမှာ အထိတ်တလန့်ဖြစ်သွားရသည်။ လက်မြန်သူ ဟန်ဘင်းမှာလည်း ဘရိတ်ကိုစောင့်နင်း၍ အရှိန်အမြန်သတ်လိုက်နိုင်ခဲ့သည်။

ကားနှစ်စီးရပ်တန့်သွားသည်နှင့် ကားပေါ်မှ ရက်စက်ကြမ်းကြုတ်သောအကြည့်များပြည့်နှက်စွာဖြင့် ဆင်းလာသောဟန်ယူဂျင်းမှာ ကားတံခါးကိုစောင့်ဖွင့်၍ သူ့ခါးပတ်ကိုဖြုတ်လာခဲ့သည်။ ကြောင်အအဖြစ်နေသော ဂယူဘင်းမှာ ယူဂျင်းလက်ဆွဲခေါ်ရာအတိုင်း ဟန်ဘင်းကိုလည်ပြန်ကြည့်၍ လိုက်သွားရသည်။

Nothing's Gonna Stop Us Now Where stories live. Discover now