အပိုင်း(၂၃) ~ မေ့မရပါဘူး ငယ်

156 22 2
                                    

သူ့ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး ကာကွယ်ပေးချင်မိတဲ့ ငယ့်မှာ ညီငယ်လေးတစ်ယောက်ရှိနေလိမ့်မည်လို့ ဘယ်သောအခါကမှ မတွေးခဲ့ဖူးပါ။ သိခဲ့ကြတဲ့ သေဆုံးသွားပြီဖြစ်တဲ့ယူဂျင်းရဲ့အဖေဟာ အဖေရင်းဖြစ်မနေခဲ့။


"ယူဂျင်းမျိုးရိုးက ဆောင်းပေါ့......."


"ဟုတ်ပါတယ်။ Incheon ထိသွားပြီးစုံစမ်းလာတဲ့သတင်းတွေနဲ့ ဒီမှတ်တမ်းအရဆို မစ္စဟန်မှာ အိမ်ထောင်မပြုခဲ့က မစ္စတာဆောင်းရဲ့ရင်သွေးလေးလွယ်ခဲ့ရပါတယ်။ နောက်ပြီး......"


DNA Result စာရွက်ကိုထပ်ထုတ်ပြလာသည့် ရှေ့နေချွဲကြောင့် အဖြေဟာသေချာသွားခဲ့သည်။



"ကျွန်တော် ယူဂျင်းရဲ့သွေးစစ်ချက်ယူထားတုန်းက မစ္စတာဆောင်းနဲ့ တစ်ခါတည်းတိုက်စစ်ခဲ့ပါတယ်"


သွေးသားဟာ တစ်ဖက်တည်းကိုက်ညီနေရင်တောင် သွေးသားက သွေးသားမို့ ဂျီအွန်းရင်ထဲ လှိုက်တက်လာသည်။ DNA စာရွက်ကိုဆုပ်ကိုင်ထားသော လက်တွေသည် ပြေလျော့သွားပြီး ငယ့်ရဲ့အပြစ်ကင်းသည့်မျက်ဝန်းတွေကိုမြင်ယောင်လာသည်။ အတိတ်တွေသာလှပခဲ့မည်ဆိုလျှင် သူတို့ညီအစ်ကိုနှစ်ယောက်လိုပဲ ဘဝကြီးကိုအထီးကျန်စွာဖြတ်သန်းနေခဲ့ရမှာမဟုတ်။

တုံ့ပြန်ခြင်းတွေနဲ့ လာဘ်စားချေမှုတွေဟာ ငယ့်အပေါ်မှာ ရက်စက်ရာကျလွန်း‌နေလိမ့်မည်ကိုတွေးပူမိသည်။ ဒါပေမယ့်လည်း မတရားမှုကိုမျက်ကွယ်ပြုလိုက်ပါက ဆရာ့အပေါ်မှာ ကျေးဇူးကန်းရာကျသွားလိမ့်မည်။ ရှေ့ဆက်တိုးဖို့ရန်သာ အခိုင်အမာဆုံးဖြတ်ထားသည်မို့ မွန်းကြပ်မှုတွေဟာ နွံထဲထိုးနစ်နေသလို။ အချိန်တွေမနှောင်းသေးသည်မို့ ထိခိုက်ခြင်းမရှိတဲ့ တုံ့ပြန်မှုတွေတော့ လုပ်ဆောင်ရလိမ့်မည်။ သူပဲသာ ပေးဆပ်နိုင်ခဲ့လျှင်ဆိုရင်ပေါ့။


<<<< ထောက်တွင်းကြံစည်မှုမတိုင်ခင်ခြောက်ရက်အလို


"ဒီမှာစရံငွေ!!"


ဖောင်းကားနေတဲ့စာအိတ်ကိုဖွင့်ကာ အထဲကပိုက်ဆံတွေကိုကြည့်ရင်းသဘောကျနေတဲ့ လူကို မစ္စတာဆောင်းအလိုမကျဖြစ်နေမိသည်။


Nothing's Gonna Stop Us Now Where stories live. Discover now