အပိုင်း(၂၂) ~ ကိုကို့အနား

164 20 4
                                    

"ဝင်ခွင့်ပြုပါ ဥက္ကဌ"


"ဝင်ခဲ့"


ဂျီအွန်းအချက်ပေးလိုက်သံကြောင့် Secretary Ji အခန်းထဲသို့ဝင်လာသည်။ လက်ထဲတွင်လည်း i-pad ကိုကိုင်ဆောင်လာခဲ့ပြီး ခြေလှမ်းကျယ်ကြီးနှင့် သူ့ဆီလျှောက်လှမ်းလို့လာသည်။ မျက်နှာအငွေ့အသက်ကတော့မကောင်းရှိနေသည်။

သူရှေ့ထိုးပြလာသော screen ကိုငုံ့ကြည့်လိုက်တော့ ခေါင်းစဉ်အသီးသီးဖြင့် ရှုံ့ချခံနေရသော သူတို့၏ product အသစ်။


"ကျွန်မတို့ မိတ်ဆက်ထားတဲ့ ဆေးအသစ်ကိုသောက်ပြီးမှ သူ့မျက်နှာက အဖုတွေက အရင်ကထက် ပိုဆိုးလာတယ်ဆိုပြီး တင်ထားတဲ့ video တစ်ခုကြောင့် အခုလိုမျိုးဖြစ်လာပါတယ် ဥက္ကဌ"


*ပြဿနာကတက်ပြန်ပြီလားဟ*


ဂျီအွန်း၏ အကြည့်စူးစူးတွေကြောင့် အလုပ်အတူတူလုပ်နေသော distribution manager မှာ စိတ်ထဲကရေရွတ်လိုက်မိသည်။


"အခုချက်ချင်း department အသီးသီးက တာဝန်ရှိတဲ့သူတွေကိုခေါ်လိုက်! အဓိကဒီဆေးကို researching လုပ်တဲ့ professor ပါခေါ်ခဲ့!"


*သွားပြီ ငါတို့တော့ ဒီည company မှာအိပ်ရတော့မယ်ထင်တယ်*


အသက်ရှုသံပဲကြားရလောက်သည်အထိ meeting room ဟာတိတ်ဆိတ်၍နေသည်။

ဟန်ဘင်းနှုတ်ခမ်းဖူးကို ဖွဖွဖိကိုက်ထားမိသည်။ ထိန်းချုပ်ရခက်နေသည့် စိတ်ကိုလည်း ဟန်ဘင်းအလိုမကျဖြစ်မိပါသည်။

အကောင်းဆုံးတွေပဲဖန်တီးပေးချင်ပြီး ကိုကိုအားကိုးရလောက်သည့် လူတစ်ယောက်ဖြစ်အောင်ကြိုးစားနေခဲ့ပေမယ့် ကံတရားကမျက်နှာလွှဲပြန်ပါသည်။ ကိုယ်တိုင် researching လုပ်ပြီးထုတ်ထားသည့် သူ့ရဲ့ပထမဆုံး product မှ ဒီလိုပြဿနာလာကြုံရသည်မို့ ဟန်ဘင်းစိုးရွံ့မိသည်။ ကြောက်နေမိတာထက် အရှက်ပိုနေမိသည်ဆိုပို၍ပင်မှန်‌သည်။

တိတ်ဆိတ်မှုတွေဟာ တရွေ့ရွေ့ကုန်ဆုံးနေသော်ငြား ဘယ်လောက်ကြာနေပြီဆိုတာကိုတော့ ဟန်ဘင်းမသိ။ သူ့ရှေ့ရှိစားပွဲခုံကိုသာ စိုက်ကြည့်နေမိသည်။ တဖြည်းဖြည်းငိုက်စိုက်ကျ‌လာသော မျက်နှာဟာ တလှပ်လှပ်လှန်လောပြီး စာရွက်ပေါ်အပြစ်ဖို့နေသော ကိုကို့ကို မဝံ့တရဲခိုးကြည့်မိသည်။

Nothing's Gonna Stop Us Now Where stories live. Discover now