i...
မနေ့ညက အိပ်ယာဝင်နောက်ကျသည်မို့ ဒီနေ့မနက် ကျောင်းရောက်သည်မှာ ၁၅မိနစ်ပင် လွန်သွားပြီ...ကျောင်းရောက်တော့ နိုင်ငံတော် သီချင်းလည်း ဆိုပြီးပြီ အတန်းလည်းစနေပြီဖြစ်တာကြောင့် နွေဦး အဝင်အဝ အပေါက်မှ လက်ညှိုးကလေးအား နှုတ်ခမ်းနားတွင်တေ့ခါ ဆရာ့အား ဝင်ခွင့်ပြုရန် တောင်းဆိုလေသည်။
"ဆရာ...ဝင်ခွင့်ပြုပါ.."
"မောင်နွေဦး နောက်ကျလှချည်လား.."
"ညက အိမ်စာလုပ်ရင်း အိပ်ယာဝင်နောက်ကျသွါးလို့ပါ ဆရာ.."
"အေး..အေး..ဝင်ကွာ..နောက် အတန်း နောက်မကျစေနဲ့ပေါ့..."
"ကျေးဇူးတင်ပါတယ်ဆရာ..."
"ဝင် ဝင်.."
နွေဦး အတန်းထဲဝင်လာတော့ နွေဦးအား မျက်စိတစ်ဆုံးလိုက်ကြည့်နေသော ဟိုကျောင်းသားသစ်...
နွေဦး ပထမဦးဆုံးအနေနှင့်တော့ ဟံသာဦးအား ကြောက်မိသည်...။"ကလေးလေး ရောက်ပြီလား..နောက်ကျတယ်နော်.."
ဟံသာဦးဖယ်မှ နွေဦး သူ့နေရာက ထောင့်ကလေးကို ရမည်ဖြစ်သော်လည်း ကြောက်ချမ်းတုန်သော စိတ်အစုံက ရှေ့မဆက်ရဲ.. လွတ်နေသည့် ဘေးခုံလေးမှာဝင်ထိုင်သည်။
"ကလေးလေးက ကိုယ့်ဘေးလာမထိုင်တော့ဘူးလား.."
နွေဦး သူ့အား ကြည့်တော့ သူသည် အပြုံးကလေးအားဆင်မြန်းလို့.. စတွေ့ကတည်းက မျက်နှာတစ်ချက် မဲ့သွားတာမျိုးတို့ ဒေါသထွက်တာမျိုးတို့ကို နွေဦး မမြင်ဖူးပေ..။
"ကိုယ်ပြောတာကြားလား.."
အသံက မာလာသည်မို့ အတွေးတို့ကို ဖယ်ခါ ထိုင်နေရာမှ ထရင်း ခြေထောက်တို့ကို ဘေးတစ်ချက် ကပ်ပေးခါ လမ်းဖယ်ပေးထားသော ဟံသာဦးကြောင့် နွေဦး မျက်စိစုံမှိတ်ခါ အထဲသို့ အတင်းဝင်မိသည်။
..ဟူး..တော်သေးတာပေါ့ နေရာကလေးရသွားလို့...
သက်ပြင်းချခါ ဆရာ ဝှိုက်ဘုတ်ပေါ် တင်ပေးထားသော စာတို့ကို ဗလာစာအုပ်အမြန်ထုပ်ရင်းလိုက်လံကူးနေသည်..။
"တင် ဒေါင် ဒင်.."
ပါးစပ်က ရွတ်လိုက်သော အချက်ပေးအသံက တစ်ကိုယ်လုံးကို ကြက်သီးမွှေးညှင်းများ ထသွားစေသည်။