Part 9
"ပုန်းနေလား လုံအောင်ပုန်းနော်..."သံချိန်းကြိုးဆီမှလာသော ချလွင် ချလွင်ဟူသည့်အသံသည် နွေဦးစိတ်အား ကြောက်ခမန်းလိလိဖြစ်စေသည်..။
ချိန်းကြိုးနဲ့ အိပ်ယာအား တဖြောင်းဖြောင်းရိုက်နေသော အသံကမူ တစ်မူထူးလှသည်..။
ကုတင်တစ်ဝိုက်လှည့်ပတ်နေသော ခြေထောက်တို့က ရပ်တန့်သွားခြင်းမရှိ....
"အဟား...ဒီမှာလား...တွေ့ပြီထင်တယ်...."
ကိုယ့်အရှေ့တည့်တည့်မှာ ရပ်သွားသော ခြေထောက်တို့ကြောင့် နွေဦး စိုးရိမ်တစ်ကြီးဖြစ်သွားလေတော့သည်....။ လက်တို့ကလည်း ပါးစပ်ဆီ အတင်းအကျပ် ဖိအုပ်လျှက် မတော်တဆများ အသံထွက်သွားခဲ့လျှင်ဆိုသည့်အတွေးကြီးနဲ့...
"Ring..Ring.."
အခန်းအပြင်မှ ဖုန်းသံကြောင့် ကြောက်လန့်မှုတို့ အနည်းငယ်လျော့သွားသည်..။ ဘာလို့ဆိုတော့ ထိုခြေထောက်တွေက အခန်းအပြင်ဘက်ဆီ ဦးတည်နေလို့ဘဲဖြစ်၏။..
ပတ်လပ်လှန်အနေအထားနဲ့ အနေပြန်ပြင်ခါ
နွေဦး မျက်လုံးလေးတွေကို အသာမှိတ်ရင်း လေပူတစ်ချက်မှုတ်ထုတ်ပစ်လိုက်သည်...။......"ဟားဟားဟား...လာခဲ့စမ်....ဘယ်ပြေးမလဲ..."
"အင့်...."
အဖြစ်အပျက်တို့က အရမ်းမြန်လွန်းသည်...။ ဘာတွေဖြစ်သွားလည်း နွေဦးကိုယ်တိုင်ပင် မသိလိုက်ချေ...။
သူသိလိုက်သည်က တရွတ်တိုက် ပါသွားပြီဆိုတာကိုဘဲ..။"အား.....အား...."
ရုန်းကန်ရင်း လူးလွန့်နေသော ဟံသာဦးလက်ထဲက ကလေးငယ်သည် မျက်လုံးနီဆွေးဆွေးတို့နှင့် အသားတဆက်ဆက်တုန်ခါနေခါ အလွန်အမင်း ကြောက်ရွံ့နေဟန်....
စောနက အပြင်ထွက်သွားပြီဟုထင်လိုက်သော နွေဦးသည် ဖုန်းမကိုင်ဘဲ ပြန်၍ အခန်းထဲဝင်လာသော ဟံသာဦးကြောင့် လူမိသွားလေသည်..။
"အဟား ကုတင်အောက်မှာတဲ့လား..."
"လွှတ်ပေးပါ..ငါ့ကိုလွှတ်ပေးပါ.."
ခြေတုန်ချတုန်နဲ့ ကလေးငယ်က အင်္ကျီတစ်ထည်လုံး ချွေးတွေအပြည့်နှင့်...