Unicode...
"မင်းသိလား..ငါက မင်းရဲ့ ဖအေဆိုတာ.."
"ဟင့်အင်း... ဘယ်တော့မှမဟုတ်ဘူး..."
လက်တွေနှင့် ဟံသာဦး မျက်နှာအား ကုတ်ခြစ်ပစ်လိုက်တော့ ကန့်လန့်စင်းပါးပြင်မှာ ထင်သွားတဲ့ လက်သည်းရာက အမြှောင်းလိုက်...
စပ်ဖြင်းဖြင်းဖြစ်သွားရသည်မို့ နွေဦးရဲ့ လက်တွေကို ချက်ချင်းချုပ်ပစ်လိုက်လေသည်..။
"မင်း ငြိမ်ငြိမ်နေစမ်း..."
"လူယုတ်မာ..လွှတ်..လွှတ်...အား.."
"အေး...မင်းသဘောဘဲ..."
ဟံသာဦးလက်တွေက နွေဦး ရဲ့ လည်ပင်းပေါ် ခပ်ကြမ်းကြမ်း ဖိညှစ်ပစ်လိုက်သည်..။
"ဟ့....အစ်...."
လက်ဖဝါးကြီးကြီးတွေက ဒေါသအလျောက်တုန့်ပျံနေသည်မို့ ကြည့်ရတာ လွှတ်ပေးမည့်ပုံမပေါ်ပါ...
အသက်ရှူရခက်လာပြီမို့ အိပ်အခင်းအား လက်တို့ဖြင့် တင်းတင်းဆွဲထားမိပါသည်...။ကြေမွနေသော အခင်းလေးသည် ရစရာမရှိအောင် တွန့်ကြေနေလေပြီ...။
ကိုယ့်အပေါ်မှနေရာယူရင်း လည်ပင်းကိုသာခပ်ကျပ်ကျပ် ညှစ်ထားသော ထိုလူသည် ယခင်က ကျွန်တော်အားကိုးမိခဲ့တဲ့လူတဲ့လား...
"အစ်...ဟစ်...ဟံ....ဟံသာ....ဦး...လူ..
ယုတ်...မာ...."ရုန်းကန်နေသော လက်တွေ ခြေထောက်တွေက ငြိမ်ကျသွားသောအခိုက်အတန့်.. ၊ အသက်ရှူသံ ခပ်ပြင်းပြင်းက ပုံမှန်ကနေ ပို၍နှေးလာသောအခိုက်အတန့် ၊ မျက်ရည်စတို့ပြည့်နေသော မျက်ဝန်းတို့မှာ လေးကန်စွာ ပိတ်ကျလာသော မျက်ခွံတို့သည် ရီဝေဝေအကြည့်တို့နှင့်သာ
အဆုံးထိ လူယုတ်မာဟုပင် ဆက်လက်ပြောနေသော နွေဦးအား ဟံသာဦးက ပို၍ လက်တွေကို အားဖိစိုက်လိုက်လေတော့ နွေဦးထံမှ အစ်ခနဲ အသံသာကြားလိုက်ရသည်...။
"သေစမ်း...သေ...သေမှအေးမှာ..."
......."ဟုတ်တယ်..ငါသေသွားရင် အင့်..ပို..ကောင်းခဲ့မှာ.."
ငြိမ်ကျသွားသော နွေဦးရဲ့ကိုယ်ကလေးသည် ရုန်းကန်ခြင်း အလျင်းမရှိ.. အပြုံးကလေးတစ်ခုနဲ့သာ လေသံရောရော စကားဝါကျအား ဟံသာဦးအား ကြားစေသည်...။