Part 10
Uni..
"နွေဦး.......!"
ဟံသာဦးရဲ့ အသံရှည်တစ်ချက်ကိုသာ ကြားလိုက်ရပြီးနောက် နွေဦး အသိစိတ်ပျောက်သွားခဲ့လေပြီ...
သေတာ မသေတာကတော့ ကျန်တဲ့အပိုင်း..အခုတော့ ဘာမှမသိတော့ဘဲ စိတ်သက်သာယာ ရသွားပြီမို့...
"......."
နှာခေါင်းဝက စိမ်းရွှင်ရွှင်ရနံ့က ဘာများတုန်း..ခဏတာ အော့အန်ချင်စိတ်ဖြစ်မိသွားသည်..။မျက်လုံးတွေကို အတင်းဖွင့်ဖို့ကြိုးစားပေမဲ့ တော်ရုံနဲ့ပွင့်မလာသည့်အပြင် အမြင်အာရုံက ဝါးတားတားနှင့်သာ...
"အင်း....."
တဖြည်းဖြည်းနဲ့ မြင်လာရသော မြင်ကွင်းသည် မျက်နှာကျက်တစ်ခုဖြစ်လေသည်...။ စတုရန်းပုံကျကျ မျက်နှာကျက်တစ်ခု.. ဒါ့အပြင် မီးဆိုင်းတွဲ တစ်ခုပါရှိနေလေသည်..။
"နိုးပြီလား..."
ရင်းနှီးသော အသံပိုင်ရှင်ကြောင့် ဒါတွေဟာ အိပ်မက်မဟုတ်မှန်း သိရှိသွားလေသည်..။
ကိုယ့်ဘေးသို့လာထိုင်သော အနောက်တိုင်း ဝတ်စုံနှင့် လူတယောက်.. ပါးလျှပ်သော ခန္ဓာကိုယ်က မြင်သူတိုင်း ငေးချင်စဖွယ်... ယောက်ျားချင်းပင် နှစ်ခါပြန်ကြည့်လိုက်ရအောင်ကို မိုက်သည့် အချိုးအစားများနှင့်သူဟာ
မိစ္ဆာစိတ်ပြည့်ဝနေသည့် ထိုယောက်ျား....
"သက်သာလား.."
နှဖူးကလေးအား လက်ဖဝါးတို့နှင့် ဖိအုပ်စမ်းသပ်လိုက်သည်မှာ ဟံသာဦးနှင့်သူ တချိန်က ဘာမှမဖြစ်ခဲ့သလိုမျိုး...
သူဘာတွေလုပ်နေသလဲဆိုတာ နွေဦး ဘယ်လိုမှ ခန့်မှန်းလို့မရပေ...။
"အဖျားတော့ကျပြီ.. "
သူဘာတွေ စိုးရိမ်နေသလဲဆိုတာကို နွေဦး တွေးတွေးပြီး ကြက်သီး ထရပါသည်..။
မျက်ခုံးတွေကို စုကြုတ်ရင်း ဟံသာဦးအား လိုက်ကြည့်မိနေတာ နိုးကတည်းက...ဟံသာဦး ကိုယ်တိုင်ကရော ဘာလို့ ဒီလိုတွေ ဆက်ဆံနေသလဲမသိ...
"အဲ့မျက်ခုံးတွေကို ဖြေလျော့ထား ကြုတ်မထားနဲ့.."
စုကြုတ်နေသော မျက်ခုံးတို့ကို လက်မနှစ်ဖက်နှင့် နှဖူးမှ တွန်းထောက်ရင်း ဖြေချပေးသည်..။