unicode...
"ဟင်း...အင်း..."
"နိုးပြီလား နွေဦးလေး.."
မကြားချင်ဆုံးအသံက နားထဲ လှိုင်းရိပ်ထပ်စွာ ရောက်လို့လာလေသည်။
"ငါ ဘယ်မှာလဲ..."
"ကိုယ့်အိမ်မှာ.."
မှောင်မဲနေသည့်အခန်းတွင်း မီးအိမ်တစ်ခုရဲ့ ဝါကျင့်ကျင့် အရောင်ကလေးသာ ရှိပေသည်..။
"အိမ်ပြန်မယ်...ငါ အိမ်ပြန်ချင်တယ်.."
"စောင့်နေမဲ့သူ ရှိလို့လား.."
ဟုတ်သား အိမ်မှာ ဒီနေ့ မည်သူမှမရှိ..ဖေဖေကလည်း မယားငယ်အိမ်မှာ.. မေမေကလည်း မနေ့ကတည်းက စိတ်ဆိုးပြီး အိမ်ကထွက်သွားတာ ဟိုတယ်မှာအိပ်သည် ထင်၏..။နွေဦး သက်ပြင်းကလေး ခပ်ဖွဖွ ချမိသည်..။
ပြီးတော့ .. မှောင်ရိပ်ထဲ ဝါးတားတားမြင်နေရသည့် ဟံသာဦးရဲ့ မျက်နှာသည် ပြုံးနေသယောင်...
သူကိုယ်သူ ပြန်ငုံ့ကြည့်တော့ ညအိပ်ဝတ်စုံ နက်ပြာကလေးနှင့်ပင်ဖြစ်လေသည်။
"ငါ့အင်္ကျီတွေရော..."
"မမှတ်မိဘူးလား...မနက်က မင်း..ဟား..ဟားဟား သေးတွေထွက်ကျသွားတာလေ..."
နွေဦး ကုတင်ပေါ်မှ ကုံးထဖို့ပြင်တော့ ဟံသာဦးက လက်ကို ဆွဲထားသည်..။
"နေမကောင်းဘူး ပြန်အိပ်..."
"ငါ..ငါ.."
"ပြန်..အိပ်..လို့..ပြော..နေ..တယ်..လေ.."
"ငါ ရှူးပေါက်ချင်လို့..."
"အဟား....ရှူးပေါက်ချင်တာလား..ရတယ်...သွား.."
"အိမ်သာက ဘယ်မှာလဲ.."
"အဲ့အခန်း..."
"အင်း..."
ကုတင်ပေါ်မှခပ်ဖြေးဖြေးဆင်းခါ အမှောင်ခန်းထဲ စမ်းတစ်ဝါးဝါး လျှောက်လှမ်းနေမိသည်မှာ မရဏလမ်းထဲ လျှောက်လှမ်းနေရသလို သူ့အား အရာရာတိုင်းက ခြောက်လှမ့်နေသည်။ အထူးသဖြင့် သူ့အနောက်ကလူ.....။
-ဂျွတ်-
"အ့......."
အလွန်နာကျင်သွားသော ခြေဖဝါးတစ်စုံသည် ထုံကျင်ကိုက်ခဲလာပြီး သွေးပူပူများယိုဆိမ့်လာပြီဆိုတာကို နွေဦးခံစားမိ၏။ သူ့ခြေထောက်အောက်က စူးရှသော အရာတွေသည် ခြေဖဝါးတစ်ခုလုံးအား နေရာမလပ် ထိုးစိုက်နေကြသည်။