Part 41
Unicode...
တောင်!
Message ကျသံတစ်ခုကြောင့် ဟံသာဦးmail ထဲ ဝင်ကြည့်လိုက်စဉ် ထူးစမ်းသည့် စာတစ်ကြောင်း...
"အဆင်ပြေရဲ့လား ငယ်ကျွမ်းဆွေလေး!" ဟူသည့် စာဖြင့် profile ပုံသည်လည်း အနက်ရောင်အတိဖြစ်ရာ ဘယ်လိုလူမျိုးက လာစနောက်သလဲ ဆိုသည့်အတွေးဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။တဆက်တည်းတွင် ထိုစာအား စာမပြန်ဘဲ လျစ်လျူရှုဖို့ပါကြိုးစားလိုက်သည်။
"ဟေး စာပြန်ပါအုံးဟ ငါပါ ငါလေ..."
ဟံသာဦး ပိုလို့တောင် မျက်ခုံးတွေ စုကြုတ်ပစ်လိုက်မိသည်။ထို့နောက် လက်သွယ်သွယ်တွေက ကီးဘုတ်ပေါ် စတင်လှုပ်ရှားလေတော့သည်။
ပြန်ပို့လိုက်သည့်စာတစ်ကြောင်းက " လာမရှုတ်နဲ့.."ဟူ၍ပင်...
"ဟားဟား..ငါ့ကောင်ကြီးရ မင်းလွန်ခဲ့တဲ့ ၅နှစ်က ဘီယာ barမှာ စော်ပလော်တီးသွားလို့ အသံပါပြောက်သွားတဲ့ကောင်လေ မှတ်မိလား ငါ စိုင်းမင်းမောင် ဘဲ ! ..."
ပေါ်လာသည့် စာကြောင်းရှည်ကြီးအား ဖတ်ပြီး ဟံသာဦး မျက်မှောင်ကြုတ်ရင်းပင် စိုင်းမင်းမောင်ဆိုသော လူအား အာရုံထဲပြန်ဖော်ရသည်။ ခဏကြာမှ သူမှတ်မိတာက ကျောင်းနေဘက် ကလေကချေအဖွဲ့ကကောင်ပင်... ဟံသာဦးတစ်ချက်ရယ်ရင်း ခေါင်းခါသည်။
"ဘာကိစ္စလဲ အကြွေးပြန်လာယူမလို့လား.."
"အကြွေးလား ယူချင်တာပေါ့ ဒါပေမဲ့ အဲ့ထက်အရင် ငါတို့ အပေးအယူတစ်ခုလုပ်ရအောင်..."
ဟံသာဦးဘက်မှ စာမပြန်ဘဲ ခေတ္တစောင့်ဆိုင်းနေမိသည်။
"အဲ့လူကို မင်းသိပါတယ် သူက ဦးနေမင်းခ..."
ဟံသာဦးမျက်လုံးတွေ ပြူးကျယ်သွားခါ တစ်ခုခုကိုပါ တုန်လှုပ်ခြောက်ခြားသွားလေတော့သည်။ သေချာတာကတော့ နွေဦးဘက် မြှားဦးမလှည့်လာရင်ဘဲ သူအရာရာ ကျရှုံးခံဖို့အသင့်...
"ဘာအပေးအယူလဲ...."
"အပေးအယူက ရှင်းရှင်းလေ ငါ့ကို ကယ်တင်ပေးပါ...အဲ့လူလက်ထဲကနေ ။ "
ဟံသာဦးဘက်မှ အချိန်ဘယ်လောက်ကြာအောင် စောင့်ဆိုင်းမိလဲမသိ... ဒါဟာ ဇာတ်တိုက်ထားတာ တစ်ခုဆိုရင် သူရော အားလုံးမှာပါ အန္တရာယ်ရှိနိုင်တယ်။