ဂလိုင်လှုပ်ခါ ရောင်းနေသော စက်ဘီးနှင့် ရေခဲချောင်းသည်ကလေးသည် ကလေးငယ်များအတွက် ပျော်ရွှင်စရာ နိဗ္ဗာန်ဘုံကလေးဖြစ်၏။... တစ်ပတ်မှ နှစ်ရက်သာလာသော ရေခဲချောင်းသည်ကလေးအား ဒီနေ့တော့ နွေဦး ဖမ်းမိခဲ့ပြီဖြစ်၏။
ငါးရာတန်အရွက်ကလေးကိုင်ခါ ရေခဲချောင်းသည်ရှေ့က လူအုပ်ကြားထဲ အတင်းတွန်းထိုးဝင်နေရသည်။ နို့မို့ဆို ရေခဲချောင်းက ကုန်သွားရင် သူ့အတွက် စောင့်ရကျိုးမနပ်စွာ စားပေါက်ပိတ်တော့မည်မဟုတ်လား...
"ဦး..သားကို စတော်ဘယ်ရီအရသာလေးပေးပါအုံး..."
ညာဘက်ပါးပေါ်က မှည့်နက်နင်ကလေးရှိသော မျက်လုံးဝိုင်းကလေးများနှင့် ချစ်စရာကောင်းသော ကလေးငယ်သည် ပန်းနုရောင်သန်းသော နှုတ်ခမ်းကို ဆူထား၏...။ ရေခဲချောင်းမရလျှင် မဖြစ်ဟုလည်းတွေးထားရာ ဒီရေခဲချောင်းကို သူ စားရမှ ကျေနပ်နိုင်မည်။ ရေခဲချောင်းသည် ဦးလေးကြီးက အဖိုးအခကိုလက်ခံယူပြီး ရေခဲချောင်းများကို လက်မလည်အောင် ပေးရှာသည်။
"ရော့ဗျာ ရော့...စတော်ဘယ်ရီအရသာလေးပါခင်ဗျာ..."
"ဟီးဟီး..."
အဖိုးအခအဖြစ် အကြွေတစ်ရာကို ပေးပြီး ပြန်အမ်းငွေယူခါ စက်ဘီးတွန်းလှည်းလေးအနားမှ ထွက်ခွာလာခဲ့တော့သည်။
ဒီနေ့က အတန်းကြီးတွေ စာမေးပွဲဖြေရမည့်ရက်မို့ နွေဦးတို့ အတန်းငယ်သမားတွေကို ဆရာမတွေက မကြည့်နိုင်ပေ။ ခုတောင် ကျောင်းတက်ခေါင်းလောင်းထိုးသံကို နွေဦးကြားနေရပြီဖြစ်၏။
ကျောင်းတံခါး မပိတ်ခင် အထဲမြန်မြန်ဝင်ရန် ပြင်လိူက်၏။ လက်ထဲက ရေခဲချောင်းကလေးကိုတော့ မစားရက်နိုင်ေသးဘဲ လက်ထဲ ကိုင်လို့ ကျောင်းတံခါးအနား၏ ညောင်ပင်ထီးထီးကြီးရှိသောဘက်မှ နွေဦး ပြေးကပ်လာ၏။
ဘုတ်!!
"အင့်..."
"အာ...."
အနေအထားက ဟံသာဦးသည် တစ်စုံတစ်ယောက်၏ အပေါ်မှ လက်ထောက်ကျလျှက် တစ်စုံတစ်ရာသော နှုတ်ခမ်းတွေကမူ ပူးကပ်နေကြပြီဖြစ်၏။ လက်ထဲမရှိတော့သော သနားစရာ ရေခဲချောင်းကလေးသည် မြေကြီးပေါ် အရည်များစီးကျနေပြီဖြစ်ခါ ရေဆေး၍ စားပါလျှင်တောင် ပြန်မရနိုင်တော့သည့်အခြေအနေတွင်....