Part 29
Unicode...
ငူငူငိုင်ငိုင်လေးထိုင်နေတဲ့ ဆေးရုံကုတင်ပေါ်ကကောင်လေးကို ရတုမောင် မနည်းချော့လိုက်ရသည်ကြောင့် စောနကအထိ အားကိုးတကြီးအော်ငိုနေတဲ့ကောင်ဘေးက ယခုတော့လည်း အေးစက်ဖျော့တော့သွားပြန်သည်..။
ညီသု့ကတော့ အပြင်ကနေပြန်လာပြီး အထုတ်တစ်ထုတ်ဆွဲလို့ ဖော့ဘူးထဲက ထမင်းပေါင်းကို အခြားပန်းကန်ထဲ ထည့်ပြောင်းနေသည်.. ပြီးရင်တော့ ရတုမောင်လက်ထဲထိုးပေးလိုက်သည်..။ သဘောက သူတို့သခင်လေးကို ထမင်းလေးကူကြွေးပေးပါဟူသည့်သဘောမျိုး... ထိုအကြောင်းအရာကား ရတုမောင်သည် နွေဦးအားအငိုတိတ်အောင် ချော့နိုင်စွမ်းကြောင့် နောက်ထပ် အကူအညီတောင်းတာထင်၏..။
"နွေဦး ဘာမှ မစားရသေးဘူးမို့လား.. နည်းနည်းလောက်ဝင်အောင် စားလိုက်အုံး.."
နွေဦးက ထမင်းပန်းကန်ကိုကြည့်ခါ မျက်နှာရှုံ့သည်..။ ဗိုက်က စာနေပေမဲ့လည်း သူဘာမှစားမဝင်ပါလေ.. ထမင်းပေါင်း ပန်းကန်ကို အကြည့်လွှဲရင်း ခေါင်းခါသည်။ ရတုမောင်သက်ပြင်းတစ်ချက်ချရင်း...
"မင်းစားမှ အားရှိမှာ .. အားရှိမှ ဟိုဘဲကြီးကို ပြန်ဖြဲလို့ရမှာ.. စားစမ်းပါကွာ အပျိုးဖြန်းလေးကို ထမင်းကျွေးနေရသလိုဘဲ..."
အရွှန်းဖောက်သော ရတု စကားက ဒီအခြေအနေမှာ မပြောသင့်တာသိပေမဲ့လည်း တဖတ်သူ ခဏတာ စိတ်ကျေနပ်ပျော်ရွှင်အောင်တော့ ပြောသင့်ပါသည်။ ညီသု့က ရတု စကားကြောင့် မျက်လုံးအကြည့်ဆွေလာသည်....။ ဒင်းက သူ့ဆရာသခင်ကား မကောင်းကြောင်းပြောသည်ကိုး.. ။
"နော်.. တစ်လုတ်ဖြစ်ဖြစ် ဝင်အောင်စားစမ်းပါ.. မင်းဟိုဘဲကြီးကိုမကြေနပ်ရင် စိတ်ထဲတော့ ခဏတေးမှတ်ထား မင်းအားရှိနေတဲ့အခါကျမှ ဒေါသတွေပေါင်းပြီးဖြေရှင်းလိုက်ပေါ့.. အဲ့ကျရင် ငါမင်းနဲ့အတူ အလောင်းဖြစ်ဖြစ် ဖြောက်ပေးမယ် အိုခီ.."
လက်မလေးနဲ့ လက်ညှိုးကလေးကွေးလို့ ရယ်ရယ်မောမောနဲ့ လက်တစ်ဖတ်ထောင်ပြလာသောကြောင့် နွေဦးပြုံးမိသည်..။ ပြီးတော့ ထမင်းပေါင်းအား စိတ်လိုလက်ရ စားမိသည်..။