Part 34
Unicode...
"ဟေ့ ခင်ဗျား အဲ့မှာရပ် အဲ့မှာရပ်.."
ရတုမောင်မှာ ကျောင်းဝန်းထဲက ထွက်လာသည်ဆိုလျှင်ဘဲ ရင်းရင်းနှီးနှီးမြင်လိုက်ရသည့် ကျောပြင်ကလေးကြောင့် အပြေးလိုက်သွားမိသည်..။
အရှေ့ကပြေးနေသော လူမှာလည်း အနောက်က ထက်ကြပ်မခွာ လိုက်လာသော ကျောင်းသားကြောင့် ဆက်ဘဲပြေးရတော့မလိုလို သူပြောသလို ရပ်ပစ်ရတော့မလိုလို...
"လူရမ်းကား ဒန့်ဒလွန်သီး အဲ့မှာရပ်.. ပြောနေတယ်နော်..."
ကျောင်းဂိတ်ရှေ့မှာ ပြေးလွှားနေကြတဲ့လူနှစ်ယောက်အား ကျောင်းသားတို့က ကွက်ကြည့်ကွက်ကြည့်ဖြင့်သာ..
အမှန်တကယ်ပင် ညီသု့တယောက် ရတုမောင်ရှိရာ ကျောင်းသို့ ရောက်လာမိခြင်းဖြစ်၏..။ ဟိုတနေ့က ဘီယာဆိုင်တွင် နှစ်ယောက်စလုံး မူးမူးရူးရူးဖြင့် နမ်းခဲ့ကြသည်။ ညီသု့ သွေးလေခြောက်ခြားသည်လို့ဘဲဆိုဆို ရတုမောင်အား ရှောင်နေခဲ့သည်..။
ဒီနေ့တော့ ပြန်တောင်းပန်မည်ဟူသည့် အတွေးနဲ့ ကျောင်းရှေ့တနေ့လုံး ရပ်စောင့်နေခဲ့ပြီးခါမှ ထိုကလေးအားမြင်သည်နှင့် ခြေလှမ်းတို့က လာရာလမ်းအတိုင်း ပြန်ချင်နေပြီ..။ စိတ်မကောင်းစွာပင် ထိုကလေးက သူ့အားမြင်သွားပြီး သရဲတစ္ဆေတကောင်ပမာ အနောက်ကနေ ပြေးလိုက်လာတာများ ခြေတံရှည်ကြီးတွေနှင့် ။ မာရသွန်တာဝေးပြေးပွဲက ချန်ပီယံဆုတံဆိပ်ရှင်များလား အောက်မေ့ရသည်။
မိပြီ!
အတွေးကလေးနှင့်အတူ ရတုမောင်မှာ ညီသု့ကော်လံစအား အနောက်မှ ဆောင့်ဆွဲပစ်လိုက်တော့သည်။
"ဟက်ဟက်... မိပြိ..ခင်ဗျား ဘယ်ပြေးမလဲ ဒန့်ဒလွန်သီးရဲ့...ဟူး.."
မောနေသည့် စိတ်တို့ကို လေဖြင့်ပါးစပ်ထဲမှမှုတ်ထုတ်ရင်း ညီသု့ လက်ကိုပင် ချုပ်ကိုင်ထားသေးသည်..။ ညီသု့က ခေါင်းကလေး အောက်ဆိုဒ်လို့ ဒီဘက်လှည့်လာသည်။
"ကျောင်းရှေ့ ရစ်သီရစ်သီနဲ့ ဘာလာလုပ်နေတာလဲ.. ကဲပြော.."
"အဟမ်း! ဟို.. ဟို.."