Story time(side story)
Unicode...
"ကိုကို..."
"ဗျာ... "
"ဟင်း... ဒီနေ့ သီတင်းကျွတ်ပြီလေ...."
"အဲ့တော့..."
"လာ ခိုး ပါ ဟီးဟီး..."
ဖုန်းတစ်ဖတ်က ကြားလိုက်ရသော အသံက သူ့ကလေး ရဲ့အသံမှ ဟုတ်ပါရဲ့လား...
"ဘာ ဘာ.."
ဟံသာဦး မယုံသင်ခါ မေးခွန်းပြန်ထုတ်မိသည်..။"လာခိုးပါလို့ဆို..." ဟူ၍ ဆူဆူဆောင့်ဆောင့် ပြောလာသည့် ဖုန်းတစ်ဖတ်က ကောင်လေး..
"ဘယ်သူက မြှောက်ပေးလိုက်တာလဲ.. ဟိုကောင် ညီသု့ရည်းစား ရတုမောင်ဆိုတဲ့ ကောင်လား.."
"ဟွန်...."" ခိ ခိ.. ဟ.. ရှူးတိုးတိုး.."
ဖုန်းတဖတ်မှ ရယ်သံထွက်ပေါ်လာသည်ကြောင့် ဟံသာဦး အကြီးအကျယ် ရှက်ရမ်းယမ်းသွားရပြီ..။
"ဖြေလေ..."
"ဟို ဟို.. ဟီး.. ဒါဘဲနော် ကိုကို... ကလေး ဖုန်းချလိုက်တော့မယ်..."
တီ ခနဲနေအောင် ဖုန်းက အဆက်အသွယ်ပိက်သွားသော တတူတူ အသံသာ အဆက်မပျက်ထွက်လာတော့သည်..။
ထို့နောက် ဟံသာဦးလည်း သူ့အပူနှင့်သူ သူ့ဦးလေးအနား ကပ်ရပ်ခါ ခြေထောက်ဖတ်ထားရသည်..။
"လေးလေးခ,ရာ လုပ်ပါနော် မုန့်ဖိုးလေး ဟိဟိ.."
သူ့လေးလေး နေမင်းခက ဆိုဖာပေါ် ခြေချိတ်ထိုင်လျှက် ဟံသာဦးကို အသိကျိုးနွံပြုခါ သတင်းစာ ဖတ်နေလေသည်..။
"နော် နော်.. သိပ်မများပါဘူး နှစ်ဆယ်ထဲပါဗျာ.."
နှစ်ဆယ်ဆိုတဲ့အသံလည်းကြားရော ဦးနေမင်းခ လက်ထဲက သတင်းစာကြီးခေါက်ခါ ဟံသာဦး ကျောပြင်ကို ချသည်..။
"ခွေးသားလေး..မင်း ဓားပြတိုက်နေတာလား ငါ့ကို ငွေပုံကြီးကို ဖန်တီးတဲ့ ဖန်တီးရှင်ကြီးများ ထင်နေလား လ လေးလုံးလာလုပ်မနေနဲ့ သွား သွား.."
ဟံသာဦးက ဆူပုတ်ပုတ် ရုပ်ကလေးနဲ့ " တစ်ခွန်းထဲဖြေ ပေးမှာလား ပေးမှာလား..."
"လာမစားစမ်းပါနဲ့ကွာ သွား.."
"ရတယ်လေ မပေးလည်းနေ ကန်တော့ထားတဲ့ မုန့်တွေ ပြန်ယူသွားပြီ..."